တနိုင်းမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနိုင်းမြို့နယ်၌ အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ


MNP ၊  ဧပြီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့တွင် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲ  အခမ်းအနားကို ဧပြီ ၂၃ ရက် မွန်းလွဲ (၁) နာရီက ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို နမောတသာ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြင်ဦးလွင် ရွှေဝက်ဝံတောရ ဆရာတော် ဦးဝိသုဒ္ဓမှ အနုမောဒနာ ဂါထာတော်ရွတ်ဖတ်ပြီး ဆရာတော်၊ သံဃာတော်များက မေတ္တာသုတ်ချီးမြင့်ခဲ့ကြောင်းသိရသည်။


ဆက်လက်ပြီး   "အာယုဇီဝ" လူမှုကူညီရေးအသင်းသို့ လူနာတင်ယာဉ် Ambulance (၃) စီးအား အလှူရှင်များဖြစ်ကြသော ကိုအောင်တိုးနှင့် မအေးပွင့်(ခ)စွဲ့စိန်သီ (ဒိုးကလေး စက်သုံးဆီဆိုင်)၊ ဦးဇော်မင်းနှင့် ဒေါ်ဝင်းမာ မိသားစု၊ ဦးဝင်းလွင်၊ အစ်မဒေါ်ခင်အုန်းတို့မှ ပေးအပ်လှူဒါန်းခဲ့သည်။


ထို့နောက် ဆွမ်းဆန်စိမ်းလောင်လှူပွဲ ဆက်လက်ကျင်းပရာ တနိုင်းမြို့နယ်အတွင်းရှိ သံဃာတော်များ စုစုပေါင်း (၁၃၀) ပါးနှင့် သီလရှင် (၁၂) ပါးတို့အား လှူဖွယ်ပစ္စည်းများဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။


အဆိုပါ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း) ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မိုးကျော်သူနှင့်ဇနီး၊ ဒုတိယဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကိုသွင်နှင့်ဇနီး၊ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့၊ အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့်ဇနီး၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ စေတနာရှင် အလှူရှင်၊ မြို့သူ၊ မြို့သားများက စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။


ပန်းအိ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)