ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကွမ်းလုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကွမ်းလုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 



 

MNP ၊ ဧပြီ ၂၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေ(၃)နာရီက သံလွင်ဦးခန်းမတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ကွမ်းလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး) ဦးရန်နိုင်မောင်က ဒေသဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ရပ်မိ၊ ရပ်ဖ၊ ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံပြည်သူများ၏ လိုအပ်ချက် တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကွမ်းလုံမြို့နယ်တွင် တာဝန်ထမ်းဆောင်နေသာ ဝန်ထမ်းများ အတွက် ဂုဏ်ပြုထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကွမ်လုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်မောင်မှ လက်ခံရယူသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွမ်းလုံပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသ မှုခံယူနေသော ဒေသခံပြည်သူများအား စားစရာနှင့်ထောက်ပံ့ပစ္စည်း များပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ ကွမ်းလုံပြည်သူ့ဆေးရုံအတွက် ဂုဏ်ပြုဆုငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ပေးအပ်ရာ ကွမ်းလုံဆေးရုံအုပ်ကြီးမှ လက်ခံရယူသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြစ်ကူး (ကွမ်းလုံတံတားသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်ခန်းမတွင် တံတားအထူး တည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသူရသန့်မှ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အသစ်တည်ဆောက် နေသော တံတားအသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။


မောင်မောင်သန်း (တောင်ကြီး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)