မီးပျက်တဲ့အခါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မီးပျက်တဲ့အခါ



တောနယ်ဒေသတွေမှာ မီးမလာတာ ပြဿနာမဟုတ်ပါဘူး။ မြို့ကြီး ပြကြီးတွေမှာတော့ မီးပြတ်တဲ့အခါ အခက်ကြုံရပါတယ်။ ချက်ရေး၊ ပြုတ်ရေးကစလို့ အိမ်မှုကိစ္စတွေမှာပါ လျှပ်စစ်မီးကို အားကိုးအားထား ပြုကြတာဆိုတော့ မီးပျက်ရင် အကြုံရပါတယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း နှောင့်နှေးပါတယ်။

ဆိုတော့ မီးပျက်တဲ့အခါ ဒေါသထွက်တာပေါ့။ EPC ကို ပြစ်တင် ပြောဆိုကြရုံမျှမက ဆဲဆိုကြတာရှိသေးတယ်။ EPC ကို ပြောရုံနဲ့ အားမရတော့ အစိုးရကိုပါ ဆဲရေးတိုင်းထွာ လုပ်ကြတာပေါ့။

ကျွန်တော်တို့ လုပ်ငန်းခွင်ဝင်စအရွယ်ကလည်း ထိုနည်းတူစွာပါပဲ။ အလုပ်ကတန်းလန်း မီးကပျက်တော့ ငါမိုးမွှန်းအောင် ဆဲကြဆိုကြတာပ။ မီးလာတဲ့အခါတော့ ပျော်လွန်းလို့ပေါ့။

ယခုအချိန်မှာတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်ရခြင်းအကြောင်းနဲ့ ပတ်သက်လို့ အဖြေရှာလို့ ရပြီ။ လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းအကြောင်းက အစိုးရနဲ့ EPC ရဲ့ အပြစ်တစ်ခုတည်း မြင်လို့ရမရဘူး။ လျှပ်စစ်ဓာတ်အား သုံးစွဲမှုက တစ်နေ့ထက် တစ်နေ့ မြင့်တက်လာတယ်။ လျှပ်စစ်ဓာတ်အား ထပ်တိုးထုတ်လုပ် ဖြန့်ဖြူးနိုင်ဖို့ လုပ်ငန်းတွေကို နည်းမျိုးစုံနဲ့ နှောက်ယှက်ကြတဲ့သူတွေ ရှိတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရပ်ရွာလူထုတွေကို ဂျင်းထည့် မှိုင်းတိုက်ပြီး စီမံကိန်းတွေ အကောင်အထည်ဖော်လို့ မရအောင် လုပ်ဆောင်ကြတယ်။ 

တကယ်တော့ အဲဒီလူတွေမှာ တကယ်သုသေနပြုထားတဲ့ အချက်အလက်တွေ ဘာမှ မရှိဘူး။ EIA, SIA အစရှိသဖြင့် သူတို့ကို ငွေကြေးထောက်ပံ့ပေးပြီး စီမံကိန်းအကောင်အထည်မပေါ်အောင် လုပ်ခိုင်းသူတွေ ပြောသမျှ ဆိုသမျှ အလွတ်ကျက်ပြီး လိုက်ဂျင်းထည့်တာပါပဲ။ လုပ်ငန်းစဉ်တိုင်းမှာ အားသာချက်၊ အားနည်းချက် ဆိုတာ ရှိစမြဲပါ။ ကောင်းကျိုး နဲ့ ဆိုးကျိုး ကလည်း ဒွန်တွဲပါမြဲပဲ မဟုတ်ပါလား။ လိုအပ်ချက်အတွက် ဖြည့်တင်းဖို့ ကြိုးပမ်းတဲ့အခါ ထိခိုက်မှု အနည်းဆုံးဖြစ်အောင်၊ ဆိုးကျိုးအန္တရာယ်ကို ကာကွယ်တားဆီးနိုင်မျှ ကြိုတင်တွက်ဆပြီး လုပ်ဆောင်ကြရတာပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိပါတယ်။ အစိုးရသာမဟုတ်ဘဲ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နိုင်တဲ့အခွင့်အလမ်းတွေလည်း ရှိနေပါတယ်။ ရေတံခွန်ကြီးတွေ ရှိနေမှ ဆည်ကြီးတွေ ဆောက်မှ လျှပ်စစ်ဓာတ်အား ထုတ်လို့ ရတာ မဟုတ်ပါဘူး။ ဒီရေ အတက်အကျ ကနေလည်း လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနေတဲ့ နိုင်ငံတွေ ရှိပါတယ်။ နည်းပညာသိတယ်။ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နိုင်ရင် အများပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။ 

သူများ ယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ စာရေးဆရာဆိုသူတွေ၊ သဘာဝပတ်ဝန်းကျင် လေ့လာသူ ဆိုသူတွေက ဖြီးဖြန်းပြောဆိုရင် အဟုတ်ထင်ပြီး ရောယောင် ကန့်ကွက်တတ်ကြတဲ့ သဘောကိုလည်း ပြန်လည် ဆန်းစစ်သင့်ပါတယ်။ ငါတို့မှာ လျှပ်စစ်မီး တစ်ရက်မရရင် ဘယ်လောက် ခက်ခဲသလဲ။ လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်မယ့် စီမံကိန်းကိုကြတော့ ငါတို့ ဘာလို့ ရောယောင် ကန့်ကွက်နေကြတာလဲ။ ရေအားလျှပ်စစ်စီမံကိန်းတွေကို နှောက်ယှက် ကန့်ကွက်နေကြတဲ့ ပုဂ္ဂိုလ်များ၊ ဆရာကြီးများကို အဲဒီစီမံကိန်းတွေ မလုပ်ရရင် ပြည်သူတွေအသုံးပြုဖို့ လိုအပ်တဲ့ လျှပ်စစ်ကို ဘယ်လိုနည်းလမ်းများနဲ့ ထုတ်လုပ်ပေးနိုင်ပါသလဲဆိုတာကိုလည်း မေးခွန်းထုတ်ကြဖို့ လိုပါတယ်။

လက်ရှိ ကာလမှာတော့ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ အခြေအနေလည်း ရှိတယ်။ ပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြစ်ပေါ်နေတဲ့အချိန်မှာ CRPH, NUG ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အုပ်စုရဲ့ လက်ဝေခံ PDF အကြမ်းဖက်သမားတွေက လျှပ်စစ်တာဝါတိုင်တွေကို ဖျက်ဆီးနေကြတယ်။ ထရန်စဖော်မာတွေကို ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးပစ်တယ်။ PDF အကြမ်းဖက်သမားများကို ထောက်ခံအားပေးသူတွေက အဲဒီလိုလုပ်တဲ့ သတင်းတွေများ တွေ့ရင် ပျော်လို့။ မီးပျက်တော့ ဆဲသကိုး။

ဒါလေးကိုပဲ နီပါတယ်၊ ပိန်းပါတယ် ဆိုတဲ့ ပုဂ္ဂိုလ်များကို နားလည်စေချင်တာပါ။ ခင်ဗျားတို့အနေနဲ့ ယုံကြည်ထောက်ခံပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ ကောင်းကျိုး ရအောင် ဘာတွေ လုပ်ဆောင်ပေးတာ ရှိသလဲ။ နိုင်ငံတကာက ရရှိတဲ့ အထောက်အပံ့တွေကို ပြည်သူတွေ ကောင်းကျိုးအတွက် အသုံးပြုတာလား။ ပြည်သူတွေကို နေ့စဉ်နေ့တိုင်း အတိဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးတဲ့ နေရာမှာ အသုံးပြုနေသလား။ စဉ်းစား အဖြေရှာကြဖို့ပါဗျာ။ မိမိတို့ ယုံကြည်ထောက်ခံတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို အားပေးတာ အပြစ်မရှိပါဘူး။ မိမိ ယုံကြည်ထောက်ခံ အားပေးတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက မိမိတို့ရဲ့ နေ့စဉ်လူမှုစီးပွားဘဝအတွက် ကောင်းကျိုးရအောင် ဆောင်ရွက်ပေးနေသလား။ အတိဒုက္ခရောက်အောင် လုပ်နေသလား ဆိုတာလောက်တော့ ခွဲခြားသိကြဖို့ပါ။

လျှပ်စစ်ဓာတ်အား လိုအပ်ချက်က မြင့်တက်လာတယ်လို့ ဆိုနိုင်ပါတယ်။ မီးမပြတ်ပါဘူးလို့ ပြောတဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းက မြို့နယ်တွေမှာတောင် လျှပ်စစ်ဓာတ်အား ဖြတ်တောက် လျှော့ချ အသုံးပြုနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

မီးပြတ်တဲ့အခါ နီပိန်းအတွေးနဲ့ ဆဲဆိုရမ်းကားနေမယ့် အစား PDF အကြမ်းဖက်သမားတွေ လျှပ်စစ်တာဝါတိုင်တွေကို မဖျက်ဆီးကြဖို့ ဝိုင်းဝန်းတားဆီး ကြပါ။ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ဆင်ခြင်သတိပြုကြပါ။ နိုင်ငံတော်က ဖော်ဆောင်နေတဲ့ လျှပ်စစ်ဓာတ်ထုတ်လုပ်ရေး စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေ။ နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီး အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်တယ် မဟုတ်ပါလား။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)