တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေး


MNP ၊  ဧပြီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ မြို့မစျေးကြီးနှင့် ဘုရင့်နောင်စျေးတို့ရှိ စျေးရောင်းစျေးဝယ်ပြည်သူများ၊ ပြည်တော်သာဝန်ထမ်းအိမ်ရာရှိ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရွှေဥသြကျေးရွာ၊ ကောင်းမူတော်ကျေးရွာနှင့် စိန်ပန်းပင်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံပြီး(၆)လနှင့်အထက်ရှိသူများအား ဆေးထိုးနှံပြီးကြောင်း ထုတ်ပေးထားသည့် ဆေးထိုးလက်မှတ်များယူဆောင်လာစေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ (၁၀၀၅)ဦးသို့  ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ၂၄-၄-၂၀၂၃ရက်နေ့တွင် ခရိုင်စုပေါင်းရုံး၊ မြို့နယ်စည်ပင်သာယာရေးရုံး၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးနှင့်  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတို့တွင် စုရပ်များသတ်မှတ်၍ နိုင်ငံ့ဝန်ထမ်းများအား နံနက်(၉)နာရီမှ (၁၂)နာရီအချိန်ထိ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် အပတ်စဥ်တနင်္လာနေ့မှ သောကြာနေ့ ရုံးဖွင့်ရက်များတွင် တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ  ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)