ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များ ထိုးနှံပေး



MNP ၊  ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည် ခရိုင်၊ ရွှေတောင် မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနတွင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံခြင်းကိုမြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံရာတွင် ကာကွယ်ဆေးထိုးနှံပြီး(၆)လနှင့်အထက်ရှိသူများအား ဆေးထိုးနှံပြီးကြောင်း ထုတ်ပေးထားသည့် ဆေးထိုးလက်မှတ်များယူဆောင်လာစေ၍ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ကာ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


ကိုကို မင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)