တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး နှင့် ထပ်ဆောင်း ကာကွယ်ဆေး(Booster)ထိုးနှံခြင်းကို ယနေ့ နံနက်(၈)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ပထမအကြိမ် ၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသေးသည့်ပြည်သူများအားထိုးနှံပေးလျက်ရှိရာ ပြည်သူ(၂၄၈)ဦး သို့ထိုးနှံပေးခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ 


ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster)ထိုးနှံရာတွင် အဆင်ပြေစေရန်အတွက် ကျန်းမာ ရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များကကူညီ ဆောင်ရွက်လျက်ရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)