တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး(Booster)ထိုးနှံပေးလျက်ရှိ




MNP ၊  ဧပြီ ၂၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊တောင်ကုတ်မြို့နယ် ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး နှင့် ထပ်ဆောင်း ကာကွယ်ဆေး(Booster)ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှစ၍ တောင်ကုတ်မြို့နယ်ခန်း၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလျက်ရှိရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများကစာရင်းများစနစ်ကျကောက်ယူ၍ ဒုတိယအကြိမ် ထိုးနှံပြီး သူများအား တတိယအကြိမ်အဖြစ်လည်းကောင်း ၊ တတိယအကြိမ်ထိုးနှံပြီးသူများအား စတုတ္ထ အကြိမ် အဖြစ် လည်းကောင်း ၊ စတုတ္တအကြိမ်ထိုးနှံပြီး သူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း((၃၁၉)ဦးသို့ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)