ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊  ဧပြီ ၇

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က “ရုံးလုပ်ငန်းလက်စွဲ” စာအုပ် အခန်း(၁၀)ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


    ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်တွင်ပါရှိသည့် အခန်း(၁၀)တွင်ပါရှိသည့် မှတ်စုလွှာရေးသာနည်း(၂)မျိုးမှ “အကျဉ်းချုပ် ရေးသားခြင်း” အကြောင်းအရာများအား ဆွေးနွေးခဲ့သည်။ 


ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “အတိုချုပ်ရေးခြင်း”ခေါင်းစဉ်ပါအကြောင်းအရာများကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက မှတ်စုလွှာရေးသားနည်းတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


    အဆိုပါ “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့်ပတ်သက်ပြီး  ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်သည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)