သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Woman Club ပြန်လည်ဖွဲ့စည်းခြင်းနှင့်စာဖတ်ဝိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Woman Club ပြန်လည်ဖွဲ့စည်းခြင်းနှင့်စာဖတ်ဝိုင်းဆောင်ရွက်



MNP ၊  ဧပြီ ၂၅

                    သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ Woman Clubပြန်လည် ဖွဲ့စည်းခြင်းနှင့်စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကိုယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါအဆောက်အအုံအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။  အခမ်းအနားတွင် ခရိုင်ဦးစီးမှူးဒေါ်စန္ဒာကြည် က အမျိုးသမီးများအဖွဲ့ပြန်လည်ဖွဲ့စည်းရခြင်းနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ် ငန်းများကိုရှင်း လင်းပြောကြားပြီးအဖွဲ့ဝင်(၁၅)ဦးပါဝင်သည့်အမျိုးသမီးအဖွဲ့ Woman Club ကိုအသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။


                 ၎င်းနောက် ၂၀၂၃ ခုနှစ်၊ဖေဖေါ်ဝါရီလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)အမှတ်(၂)တွင်စာရေးဆရာဒေါက်တာ မြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) ရေးသားထားသည့် "အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းမှတားဆီးကာကွယ်ခြင်း" ဆောင်းပါးဖြင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။အဆိုပါဆောင်းပါးတွင်အမျိုးသမီးများအပေါ်အကြမ်းဖက်မှု၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊အကြမ်းဖက်သောအပြု အမူများ၊အကြမ်းဖက်ခံရမှုအခြေအနေများ၊အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေတွင်ပါဝင်သောလူအခွင့်အရေးဆိုင်ရာအချက်များပါဝင်ပါသည်။


                 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ပြည်သူများအသိပညာရရှိစေရန်ရည်ရွယ် mobile စာကြည့်တိုက်ဖြင့်စာအုပ်အငှားဝန်ဆောင်မှုပေးခြင်း၊အသိပညာပေးTalk Show များရိုက်ကူးထုတ်လွှင့်ခြင်း၊စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းနှင့်အသိပညာပေးနံရံကပ် စာစောင်များကိုလည်းပြသပေးလျက်ရှိပါသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)