မြန်မာနိုင်ငံမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့တာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်တဲ့အချိန်မှာ အာဏာလက်မဲ့ ဖြစ်သွားခဲ့တဲ့ NLD ပါတီက CRPH, NUG အစရှိသော အကြမ်းဖက်အဖွဲ့တွေကို ဖွဲ့စည်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြခြင်းဖြစ်ပါတယ်။
CRPH, NUG နဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Media, Myanmar Now အစရှိတဲ့ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများ ပူးပေါင်းပြီး လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့သူတွေကို အကြမ်းဖက်လမ်းစဉ်ထဲ စွဲခေါ်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့တွေရဲ့ လုပ်ကြံဖန်တီး လှုံ့ဆော်မှုတွေကို ယုံကြည်မိတဲ့ သူတွေမှာ PDF အကြမ်းဖက်သမားများအဖြစ်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်ခဲ့ကြပါတယ်။ ၂ နှစ်ကျော် ကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ မှ ၂၀၂၃ ခုနှစ် မတ်လ (၂၆) ရက်နေ့အထိ စာရင်းများအရ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများ ပူးပေါင်းပြီး လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနဲ့ PDF အပါဝင် KIA, KKO အစရှိသော အကြမ်းဖက်အဖွဲ့ဝင်များရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၃၃ ဦး အထိသေဆုံးခဲ့ရပါတယ်။
CRPH, NUG နဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Media, Myanmar Now အစရှိတဲ့ နိုင်ငံရေးလုပ်စားသူများနဲ့ ပြည်ဖျက်မီဒီယာများဟာ အကြမ်းဖက်လှုံ့ဆော်မှုတွေကို ထိရောက်မြန်ဆန်အောင် ဘယ်လိုလုပ်ခဲ့ကြသလဲဆိုရင်ဖြင့် facebook လူမှုကွန်ရက်ကို အကြမ်းဖက်လှုံ့ဆော်ရာကွန်ရက်အဖြစ် အသုံးချပြီး လုပ်ဆောင်သွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ NLD အစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ ဘဏ္ဍာငွေတွေကို facebook အတွက် မြောက်များစွာ အသုံးပြုခဲ့ပြီး အာဏာလက်မဲ့ ဖြစ်သွားချိန်မှာလည်း CRPH, NUG, PDF အစရှိသော facebook စာမျက်နှာများကို Blue Mark တပ်ပြီး တရားဝင် အဖွဲ့အစည်းများသဖွယ် ပြည်သူတွေကို ဂျင်းထည့်မှိုင်းတိုက်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
NLD အစွန်းရောက်များဘက်က သူတို့နဲ့ တသားတည်းရပ်တည်ပြီး အကြမ်းဖက်လှုံ့ဆော်သူ မည်သူ့ကို မဆို Blue Mark တပ်ပေးထားပါတယ်။ အထက်ဖော်ပြပါ ပြည်ဖျက်မီဒီယာများသာမကဘဲ CRPH, NUG အကြမ်းဖက်အဖွဲ့ ပေါက်လို့ပဲစား တည်ထောင်ထားတဲ့ မီဒီယာဆိုသည်များကလည်း facebook မှာ တရားဝင်မှု ရရှိနေပါတယ်။ အဆွယ်အပွားမီဒီယာတွေ ဖြစ်တဲ့ The Irrawaddy Time, မြေလတ်အသံ ကဲ့သို့သော အကြမ်းဖက်လှုံ့ဆော်မီဒီယာလေးတွေပါမကျန် facebook က Blue Mark တပ်ပေးထားတဲ့အခါကြတော့ အကြမ်းဖက်လှုံ့ဆော်သူများအတွက် facebook က အခွင့်အရေးအပြည့်အဝ ပေးထားတဲ့သဘော ဖြစ်စေခဲ့ပါတယ်။
Facebook လူမှုကွန်ရက်ကို အကြမ်းဖက်လှုံ့ဆော်ဝါဒဖြန့်ချိရာ ပလက်ဖောင်းအဖြစ် အသုံးပြုခွင့်ရတဲ့ခဲ့ NLD အစွန်းရောက်များဟာ ၂နှစ် နဲ့ ၃လတာ ကာလအတွင်းမှာ လစဉ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၁၈၇ ဦးအထိ သတ်ဖြတ်ခဲ့ပြီး နေ့စဉ်ပျမ်းမျှ ၆.၂ ဦးနှုန်းလောက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာလည်း သူလိုလားတဲ့ အဖွဲ့အစည်းကို နောက်ကွယ်ကကြိုးကိုင်ပြီး တိုင်းဖျက် ပြည်ဖျက် ဆောင်ရွက်ချက်တွေကို အားပေးအားမြှောက်လုပ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုအပေါ် ထင်ဟပ်ပြီး ပြောမယ်ဆိုရင်ဖြင့် အမေရိကန်အစိုးရဟာ NLD အစွန်းရောက်များဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ တသားတည်း ရပ်တည်ခဲ့တဲ့ အကြမ်းဖက်အားပေး အစိုးရဖြစ်ပါတယ်။ အကြမ်းဖက်လှုံ့ဆော်သူတချို့ကို မြန်မာပြည်ထဲက ထွက်ပြေးခွင့်ရအောင် စီစဉ်ပေးပြီး အမေရိကန်နိုင်မှာ ခိုလှုံခွင့်ပေးထာတာကို ကြည့်ခြင်းအားဖြင့် အမေရိကန်အစိုးရဟာ ကောက်ကျစ်ယုတ်မာလွန်းသော အကြမ်းဖက်အားပေးအစိုးရဆိုတာ ပေါ်လွင်ပါတယ်။
အမေရိကန်အစိုးရဟာ အကြမ်းဖက်အုပ်စုရဲ့ ကျောထောက်နောက်ခံအဖြစ် ရပ်တည်ခဲ့သလို အမေရိကန်အခြေစိုက် facebook လူမှုကွန်ရက်ပလက်ဖောင်းဟာလည်း အကြမ်းဖက်မှုများ ဖြစ်ပေါ်အောင် အဓိကလှုံ့ဆော်ရာ ဖြစ်ခဲ့ပါတယ်။ အစိုးရပိုင်မီဒီယာတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းများကို ဆန့်ကျင်ကန့်ကွက်ပြောဆိုမှုတွေကို facebook ပေါ်ကနေ ဖယ်ရှားပြီး အကြမ်းဖက်လှုံ့ဆော်သူ၊ အကြမ်းဖက်အဖွဲ့အစည်းမှန်သမျှကို Blue Mark တပ်ပေးပြီး အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်း ၅၀၃၃ ဦး သေဆုံးသည်အထိ CRPH, NUG, PDF, KIA, KKO အစရှိတဲ့ အကြမ်းဖက်အဖွဲ့တွေက သတ်ဖြတ်ခဲ့တဲ့ ရာဇဝတ်မှုတွေမှာ facebook တည်ထောင်သူ ဇူကာဘတ်ဟာလည်း ကမ္ဘာ့အဆိုးရွားဆုံးသော ရာဇဝတ်သားတစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီနိုင်ငံပါလို့ အစဉ်သဖြင့် ကြွေးကြော်ခဲ့တဲ့ အမေရိကန်ဟာ ကျွန်တော်တို့လို စီးပွားရေးအင်အား ချိနဲ့နေတဲ့ နိုင်ငံတွေအပေါ်မှာ သူ့သြဇာခံ အစိုးရရှိနေရေးသာ ပဓာနဖြစ်ပြီး သူ့သြဇာခံအဖွဲ့အစည်းအတွက် ဒီမိုကရေစီကို ချိုးဖောက်ဖို့လည်း ဝန်မလေးသလို၊ လူ့အခွင့်အရေးဆိုတာကိုလည်း လေးစားမှုမရှိပါဘူး။ အမေရိကန် အစိုးရကဲ့သို့ပင် အမေရိကန် လုပ်ငန်းရှင်များရဲ့ သဘောသဘာဝဟာလည်း ဒီမိုကရေစီစံနှုန်းတွေကို အလေးထားခြင်းမရှိတဲ့အပြင် လူ့အခွင့်အရေးကို အလွန်အမင်းချိုးဖောက်နေတဲ့ CRPH, NUG, PDF ကဲ့သို့သော အကြမ်းဖက်အဖွဲ့များနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစဉ်သဖြင့် လှုံ့ဆော်နေတဲ့ ပြည်ဖျက်မီဒီယာများရဲ့ ရေးသားလှုံ့ဆော်မှုတွေကိုသာ ဖြန့်ဝေခွင့် ပြုတယ်ဆိုကတည်းက facebook တည်ထောင်သူ ဇူကာဘတ် ဟာ ဘင်လာဒင်ထက် ဆိုးသွမ်းယုတ်မာတဲ့ အကြမ်းဖက်သမား ဖြစ်ခဲ့ပါပြီ။
၂၀၀၁ ခုနှစ်၊ စက်တင်ဘာ (၁၁) ရက်နေ့ က အမေရိကန်နိုင်မှာ ရှိတဲ့ World Trade စင်တာကို ဘင်လာဒင်ရဲ့ တပည့်တွေက လေယာဉ်ပြန်ပေးဆွဲပြီး ဝင်ရောက်တိုက်ခိုက်ရာမှာ လူဦးရေ စုစုပေါင်း ၂၇၅၃ ဦး အထိ သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမေရိကန်မှာ 9/11 Memorial & Museum ဆိုပြီး အကြမ်းဖက်သမားရဲ့ ရက်စက်ယုတ်မာမှုကို မှတ်တမ်းတင်ထားကြတာ ရှိပါတယ်။
ဘင်လာဒင်ရဲ့ တပည့်တွေက အမေရိကန်နိုင်ငံသားများအပါအဝင် ကမ္ဘာအရပ်ရပ်က ဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့ကြတဲ့ ဖြစ်စဉ်တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မြန်မာနိုင်ငံသား (တိုင်းရင်းသားပြည်သူတွေ)ဟာ အမေရိကန်အစိုးရကို ကျောထောက်နောက်ခံပြုပြီး အမေရိကန်အခြေစိုက် facebook လူမှုကွန်ရက်ကို အကြမ်းဖက်အဖွဲ့အစည်းများ ဖြစ်တဲ့ CRPH, NUG, PDF တို့က ပီပီပြင်ပြင် အသုံးချပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၅၀၃၃ ဦးအထိ သတ်ဖြတ်ခဲ့ကြပြီးဖြစ်လို့ ဘင်လာဒင် ထက် အမေရိကန်အစိုးရနဲ့ facebook တည်ထောင်သူ အကြမ်းဖက်သမား ဇူကာဘတ် တို့ဟာ ပိုပြီး ရက်စက်ယုတ်မာရိုင်းစိုင်းလွန်းတဲ့ သွေးအေး လူသတ်သမားတွေလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။
Myanmar National Post
No comments:
Post a Comment