G Fatt က ချည်ပတ်မဟုတ်ဘူး၊ ပြည်ဖျက်တွေသာ ချည်ပတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

G Fatt က ချည်ပတ်မဟုတ်ဘူး၊ ပြည်ဖျက်တွေသာ ချည်ပတ်



ယုတ်မာရိုင်းစိုင်းတဲ့ နီပိန်း ရပ်ကွက်မှာတော့ အဆိုတော် လူငယ်တစ်ယောက်ကို ဝိုင်းပြီး ဖုတ်ကြ ကင်ကြ လုပ်နေကြပါပြီ။ သင်္ကြန်တွင်း ကာလမှာ သူ့သဘောဆန္ဒအလျှောက် ခံဝန်ထိုးပြီး မြန်မာပြည်တွင်း ပြန်လည်ရောက်ရှိလာတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ အဆိုတော်တစ်ယောက်ပါ။


ခံဝန်ထိုးပြီး G Fatt သီဆိုလိုက်တဲ့သီချင်းတစ်ပုဒ် က နီပိန်း အကြမ်းဖက်ဝါဒီတွေရဲ့ အရှို့က်ကို ထိုးလိုက်သလိုပဲ ထိရှခဲ့ပါတယ်။ နီပိန်းအုပ်စုကို အကြမ်းဖက်အုပ်စုနဲ့ အကြမ်းဖက်မဖက်အုပ်စု ခွဲခြားပြဆိုခြင်း ဖြစ်ပါတယ်။ နီပိန်း အကြမ်းဖက်အုပ်စုကို နီပိန်းအချင်းချင်းလည်း ကြောက်ပါတယ်။ သူတို့မှာက အတိုတွေ၊ အရှည်တွေနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးတာဖြစ်တဲ့အတွက် နီပိန်းအကြမ်းဖက်အုပ်စုရဲ့ လုပ်ရပ်တွေအပေါ်မှာ အကြမ်းမဖက်အုပ်စုကလည်း ဝေဖန်ထောက်ပြပြောဆိုတာမျိုး မလုပ်ရဲပါဘူး။ ဝေဖန်ထောက်ပြပြောဆိုသူမှန်သမျှ နီပိန်းအကြမ်းဖက်အုပ်စုရဲ့ ပစ်မှတ်ဖြစ်သွားတာပါပဲ။


G Fatt နဲ့ ဆက်စပ်ပြီး နီပိန်းအကြမ်းဖက်အုပ်စုနောက်ကို အနုပညာရှင်တွေ ဘာကြောင့်ပါခဲ့ကြသလဲဆိုတာလေးကို ပြန်လည်ထောက်ထားဆင်ခြင်ကြည့်ပါ။ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်း ရယူလိုက်ပြီဆိုတဲ့အချိန်မှာ အားလုံးတိတ်ဆိတ်သွားပါတယ်။ 


တိတ်ဆိတ်ငြိမ်သက်သွားရာကနေ ဆူပူအကြမ်းဖက်လှုံ့ဆော်မှု ဂယက်ထလာတဲ့အချိန်မှာ နိုင်ငံရေးလုပ်စားသူတွေရဲ့ ပစ်မှတ်က အနုပညာရှင်တွေဖြစ်လာပါတယ်။ သူတို့ရဲ့ လှုံ့ဆော်မှုတွေကို လိုက်ပါလုပ်ဆောင်ခြင်း မရှိတဲ့ အနုပညာရှင်တွေကို စော်ကားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာကြပါတယ်။ အနုပညာရှင်ဆိုသူများဟာလည်း ရပ်တည်ချက် ခိုင်မာသူတွေမဟုတ်ဘဲ လူပိန်းကြိုက်လုပ်ပြီး နီပိန်းအကြမ်းဖက်အုပ်စုနဲ့ တသားတည်းရပ်တည်ကြောင်း ပြခဲ့ကြရတယ်။ နီပိန်းတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဖောရှောအနေနဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် အစရှိတဲ့အနုပညာရှင်တွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နီပိန်းအကြမ်းဖက်အုပ်စုနဲ့ တသားတည်းရှိပါကြောင်း ရပ်တည်ပြခဲ့ကြရတယ် မဟုတ်လား။


နီပိန်းအကြမ်းဖက်အုပ်စုရဲ့ လှုံ့ဆော်မှုတွေက သူတို့လို တပ်မတော်ကို ဆန့်ကျင်ပုန်ကန်မှ ပြည်သူ၊ မဆန့်ကျင်ရင် ဘောမ၊ စစ်ခွေး အစရှိသဖြင့် ဝေါဟာရအသစ်အဆန်းတွေနဲ့ တိုက်ခိုက်လာကြတယ်။ အနုပညာရှင် အသိုင်းအဝိုင်း က အဆိုတော်၊ သရုပ်ဆောင် ဆိုတာတွေဟာ သိတဲ့အတိုင်းပဲ ခံစားချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သရုပ်ဆောင်တတ်ကြတယ် မဟုတ်လား။ အဲဒီမှာ တချို့က နိုင်ငံရေးလုပ်စားသူတွေရဲ့ အာဘော်နဲ့ ငိုချင်းချ (သဏ္ဍန်လုပ် သရုပ်ပီပြင်အောင်) လုပ်ဆောင်ပြီး ပြည်သူတွေကို လမ်းပေါ်ထုတ်ခဲ့ကြတော့တာပဲ။ နီပိန်းအကြမ်းဖက် အုပ်စုအတွက် G Fatt လည်း တာဝန်ကျေခဲ့ပါတယ်။ သူ့သီချင်းတစ်ပုဒ်ရဲ့ လှုံ့ဆော်မှုက နီပိန်းအကြမ်းဖက်အုပ်စုအတွက် အကြမ်းဖက်သမား ရာနဲ့ချီပြီး ရသွားနိုင်ပါတယ်။


သူကိုယ်တိုင်ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန်မှာ နိုင်ငံရေးသမားအမည်ခံထားတဲ့ နိုင်ငံရေးလုပ်စားသူတွေရဲ့ သဘောသဘာဝ ကို သိသွားတယ်။ တာဝန်ခံမှု တာဝန်ယူမှု ဘယ်သူ့မှာမှ မရှိဘူး။ အချင်းချင်းလည်း အဝေမတည့်ကြဘူး။ G Fatt ခံဝန်ထိုးပြီး ပြန်လာခဲ့တယ်။ သင်္ကြန်ကာလ တပ်မတော်မဏ္ဍပ်မှာ ရဲရဲတောက် အကြမ်းဖက်လှုံ့ဆော်ခဲ့တဲ့ G Fatt ၊ ပိုင်တံခွန် တို့ကို တွေ့လိုက်ရချိန်မှာ ပြည်သူတွေ သင်္ကြန်ထွက်မလည်ရဲအောင် လှုံ့ဆော်နေကြတဲ့ ပြည်ဖျက်မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေးတွေ ဒေါသူပုန် ထကုန်ကြတော့တာပါပဲ။


G Fatt ၊ ပိုင်တံခွန် ၊ Floke Rose တို့ အနေနဲ့ နိုင်ငံရေးလုပ်စားသူတွေ အလိုကျ တိုင်းပြည်မှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် တပ်မတော်ကို ပြည်သူအများဆန့်ကျင်လာအောင် လုပ်ခဲ့ပေးပြီးပြီ။ နိုင်ငံရေးလုပ်စားသူ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ဝေခံ (သြဇာခံ) PDF အကြမ်းဖက်သမားတွေ အနေနဲ့ အပြစ်မဲ့ သံဃာတော်တွေ၊ ဆရာ/ဆရာမ၊ အမျိုးသမီး၊ ကလေးငယ်တွေပါ မကျန် သတ်ဖြတ်ခဲ့ကြပြီးပြီ။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ဟာလည်း ၅၅၀၀ ကျော် ဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တော့ဘဲ။ ကမ္ဘာပေါ်မှာ အဆိုးရွာဆုံး အရက်စက်ဆုံးဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်မှုနှုန်းထက် များစွာ သာလွန်တဲ့ ပမာဏပါ။


လူငယ်တွေအနေနဲ့ ဒီလိုလုပ်ရပ်တွေအပေါ်မှာ သံဝေဂယူပြီး ဒီထက်တော့ ပိုပြီးဆိုးရွားတဲ့အခြေအနေမျိုး မဖြစ်သင့်တော့ဘူးလို့ ယုံကြည်တဲ့အတွက် ပြည်ဖျက်မိစ္ဆာတွေရဲ့ အမုန်းကို ခံယူပြီး ရပ်တည်ချက်ပြောင်းတယ်။ ပြည်သူ ဆိုတဲ့ အသုံးအနှုန်းကို နီပိန်းအကြမ်းဖက်အုပ်စုက မောင်ပိုင်စီးပြီး ပြောဆိုနေတာလည်း ရှိပါတယ်။ သူတို့ကို ထောက်ခံအားပေးသူကိုမှ ပြည်သူ။ သူတို့နဲ့ ဆန့်ကျင်ရင်ဘဲ ပြည်သူ့ဘက်တော်သား မဟုတ်တော့သလို ပုံစံမျိုးပါ။ ပြည်သူဆိုတာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားမဟုတ်သော်လည်း ဥပဒေအရ နေထိုင်ခွင့်ပြုထားသူ အားလုံးဟာ ပြည်သူတွေချည်း ဖြစ်ပါတယ်။ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်နေကြတဲ့ ပြည်သူတွေ ရှိသလို၊ အကြမ်းဖက်လမ်းစဉ်ကို မလိုလားတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ 


နီပိန်း အကြမ်းဖက်အုပ်စုက ပြောသလို G Fatt ဟာ ပြည်သူ့ချည်ပတ် မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်စားသူတွေကို G Fatt တုန့်ပြန်ထားတဲ့ သီချင်းစာသားလေးတွေနဲ့ပဲ ပြောရမယ်ဆိုရင် "မင်းတို့ ပြောသမျှ အမှန်မထင်လို့ အလှဆုံးသွင်းတဲ့ ဂန္တဝင်ဂိုး၊ တိုင်းပြည်ထဲကို ပြန်ဝင်ဖို့ ငါ့စိတ်နဲ့ငါ ခံဝန်ထိုးတယ်၊ မျှော်လင့်ချက်အမှားတွေ ပေးလို့ Facebook မှာ လျှောက်ရေးကြပြီး၊ ကိုယ်တိုင်ကျ သာသာယာယာနဲ့ လူငယ်တွေကို မြှောက်ပေးကြသည်၊ အိပ်မက်တွေဟာ နှောင့်နှေးလှပြီ၊ အသက်တွေ ဘယ်လောက် စတေးရ စတေးရ၊ လူတွေဟာ သူတို့အာချောင်ဖို့ သူများဘဝတွေဆို စောက်ရေးမှမကြီး" အမှန်ကန်ဆုံး စာသားတွေနဲ့ အလှပဆုံး တုန့်ပြန်ခဲ့ပါတယ်။ 

ကျုပ်တို့အနေနဲ့ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို လမ်းမှားပေါ် တွန်းတင်ခဲ့ကြတဲ့ အနုပညာရှင်တွေကို သောက်ရမ်းမုန်းတယ်။ သူတို့တွေကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ များစွာ သေဆုံးခဲ့ရပြီးပြီ။ G Fatt ၊ Floke Rose တို့လို ရပ်တည်ချက်ပြောင်းပြီး အမြင်မှန်ရသွားသူတွေ အများကြီးပါ။ သင်္ကြန်ကာလမှာ ကြည့်လိုက်မယ်ဆိုရင်ပဲ ပြည်ပြေး ဝရမ်းပြေးတွေ နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, VOA, RFA တို့က သင်္ကြန်မဏ္ဍပ်တွေမှာ ဗုံးခွဲဖို့၊ သင်္ကြန်ထွက်မလည်ကြဖို့ လှုံ့ဆော်နေတဲ့ကြားက ပြည်သူတွေဟာ အတာသင်္ကြန်နှစ်သစ်ကူး ပွဲတော်ကြီးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ နီပါပေ့ ရဲပါပေ့ လက်သုံးချောင်းထောင် အနုပညာရှင်ပေါင်းများစွာလည်း သင်္ကြန်မဏ္ဍပ်တွေမှာ လိုက်ပါဖျော်ဖြေခဲ့ကြတယ် မဟုတ်လား။

G Fatt ဟာ ပြည်သူ့ချည်ပတ်မဟုတ်ဘူး။ "အသက်တွေ ဘယ်လောက် စတေးရ စတေးရ၊ လူတွေဟာ သူတို့အာချောင်ဖို့ သူများဘဝတွေဆို စောက်ရေးမှမကြီး" ဆိုသလိုပဲ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ပြီး ပြည်သူတွေကို သေကြောင်းကြံနေတဲ့ နိုင်ငံရေးလုပ်စားသူတွေအလိုကျ၊ ပြည်ဖျက်မီဒီယာတွေအလိုကျ ကြိုးစွဲရာ G Fatt မကတော့ဘူး။ ပြည်သူတွေကို သေကြောင်းကြံတဲ့အထဲမှာ G Fatt မပါတော့ဘူး။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)