ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်


MNP ၊ ဧပြီ ၂၆

ပဲခူးမြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲပိုင်း က စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အထူးအလေးထားက  နယ်မြေဒေသ လူမျိုးဘာသာမရွေး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်း ရှေးယခင်ကတည်းက တိုင်းရင်သားပေါင်းစုံ ချစ်ခင်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြပြီး အခြားတိုင်းရင်းသားများထက် ကရင်တိုင်းရင်းသားသည် အများဆုံး နေထိုင်လျက်ကြောင်း၊ တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရေး အတွက် ကရင်တိုင်းရင်းသား ဆရာ/ဆရာမ(၄၀၁)ဦး၊ အရှုချင်း(၁၀၀)ဦး၊ ပအိုဝ်း(၃၀)ဦး၊ ရှမ်း(၁၂)ဦးနှင့် မွန်(၂)ဦး တိုင်းရင်းသားလူမျိုးအလိုက် သင်ကြားရေး ဆရာ/ဆရာမ(၅၄၅)ဦးအား ခန့်အပ်ထားနိုင်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်း(၂၂၀)တွင် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသား စာပေ၊ ဘာသာစကား တိုးတက်မြင့်မားရေးအတွက် ကျောင်းချိန်ပြင်ပ နွေရာသီကာလတွင် သင်ကြားရေး ဆရာ/ ဆရာမများအား ဘာသာရပ်အလိုက် မွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဆရာ/ဆရာမများကလည်း ကြိုးစားအားထုတ်သင်ယူပြီး မိမိတို့မြို့နယ် ကျောင်းများမှာ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချရန်လိုအပ်ကြောင်းနှင့် သင်တန်းအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက် သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က စကောကရင် တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများအတွက် ကရင်စာပေသင်ရိုး Grade-1, Grade-2, Grade-3 Online Teaching လမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံ ကရင်စာပေသင်ရိုးဖြစ်မြောက်ရေးကော်မတီက ရေးဆွဲပြုစုထားသည့် Online Teaching DVD အခွေများအား ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တိုင်းရင်းသားရေးရာဝန်ကြီးက ကရင်တိုင်းရင်းသား ရိုးရာအမှတ်တရ လက်ဆောင်ပစ္စည်းအား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက သင်တန်းသားဆရာ/ဆရာမများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)