MNP ၊ ဧပြီ ၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျိန္တလီမြို့ စည်ပင်သာယာရေးရုံး ဝန်ထမ်းများနှင့် မြို့လျှပ်စစ်ရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်း ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ရုံးဝန်ထမ်းများအား စာပေဖတ်ရှုနိုင်စေရေး၊ စာပေမှရရှိသည့် အသိပညာ ဗဟုသုတများ တိုးပွား စေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး သုတ/ ရသ စာအုပ်များကို စာဖတ်ပရိတ်သတ်အကြိုက် ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ် ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment