ရခိုင်ပြည်နယ်၊ စီးပွါးရေးရာဝန်ကြီး သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ စီးပွါးရေးရာဝန်ကြီး သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံ



MNP ၊  ဧပြီ ၂၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် ပြည်နယ်စီးပွါးရေးရာဝန်ကြီးမှ သံတွဲမြို့နယ်ရှိ MSME လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်  ၀၉း၃၀ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင်  ပြည်နယ်စီးပွါးရေးရာဝန်ကြီး ဦးစံရွှေမောင်က မိသားစုဝင်ငွေရရှိရေး အတွက် အိမ်တွင်းစီးပွါးရေးလုပ်ငန်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေး၊  အိမ်တွင်းမှုထုတ်ကုန် စီးပွါးရေး လုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် MSME အသင်းများဖွဲ့စည်းဆောင်ရွက်ကြရန် ၊ ဒေသဆိုင်ရာ စီးပွါးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများထုတ်ချေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်း ရရှိရေးတို့ အတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့် က MSME  နှင့်ပတ်သက်သည့် အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းဆိုင်ရာများ ၊ လုပ်ငန်းများမှတ်ပုံတင်ရမည့်အချက်များ ၊ MSME ဆိုင်ရာသိကောင်းစရာများနှင့် MSME Webportal ( www.msmewebportal gov.mm)တွင် MSME များ လေ့လာနိုင်ရန်အတွက် သတင်းအချက်အလက်လွှင့်တင်ထားရှိမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။


ဆက်လက်၍  အခမ်းအနားသို့တက်ရောက်လာကြသည့် သံတွဲမြို့နယ် MSME လုပ်ငန်းရှင်များက MSMEချေးငွေများအားအတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးနိုင်ရေး ၊ ငံပြာရည်လုပ်ငန်း၊ ပါပရာ(ငါးမုန့်)လုပ်နည်းသင်တန်းများ ဆောင်ရွက်ပေးရေး၊ စက်သုံးဆီများအား အရောင်းဆိုင်များတွင်လုပ်ငန်းများအသုံးပြုရန်အတွက် ပုံးဖြင့် လိုအပ်သလိုဝယ်ယူရရှိနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များကိုပြန်လည်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)