ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ခရမ်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ခရမ်း PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ



















MNP ၊ ဧပြီ ၂၅

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူ အတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ လူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက် သမားများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းများကို နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့ တိုင်ကြားချက်အရ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက် နေ့လယ်ပိုင်းတွင် သန်လျင်မြို့နယ်၊ ပေါက်တောကျေးရွာအနီး ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေရှင်းလင်း ခဲ့ရာ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ရီထွေးအား AK-47 ၁ လက်၊ Type-056 ၁ လက်၊ Glock-19 ၁ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၇.၆၂ ကျည် ၆၈ တောင့်၊ ၉ မမ ကျည် ၃၆၉ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၁၅ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိ တရားခံ ရီထွေး၏ ထွက်ဆိုချက်အရ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့မှ ခေါင်းဆောင် ၁ ဦးဖြစ်သူ ထက်ရဲလင်း(ခ)အေးမောင်နှင့် အဖွဲ့ဝင် အချို့သည် ရန်ကုန်မြို့အတွင်း၌ ဖြန့်ခွဲအခြေပြုတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဧပြီလ ၂၂ ရက် နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ မုဒိတာအိမ်ရာ၊ တိုက်အမှတ်(C)၊ (၄)လွှာ၊ အခန်း (၄၀၉)မှ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ထက်ရဲလင်း(ခ)အေးမောင်၊ စိုးထက်အောင် (ခ)သာလိကာ၊ ကျော်မင်းထက်(ခ)စာကလေးတို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ကျော်မင်းထက်(ခ)စာကလေး၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်းတွင် ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ တိုက်အမှတ်(၃၆)၊ (၄)လွှာ၊ အခန်း(A)၌ အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် မိုးပြည့်စုံကျော် (ခ)ဒေဝ(ခ)မှတ်ကြီး၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသားနှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေး တို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ထက်ရဲလင်း(ခ)အေးမောင်၏ ထွက်ဆိုချက်အရ ဧပြီလ ၂၃ ရက် နံနက်ပိုင်းတွင် ခရမ်းမြို့နယ်၊ မကျည်းကုန်းကျေးရွာနှင့် သုံးခွမြို့နယ်၊ ဆည်ကြီးကုန်းကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံထားသော  BA-63  ၂ လက်၊ ကျည်အိမ် ၂ ခု၊ ၇.၆၂ ကျည် ၂၅ တောင့်တို့အား လည်းကောင်း၊ ခရမ်းမြို့နယ်၊ ညောင်ပင်ကျေးရွာနှင့် အလယ်ကျေးရွာအကြားရှိ လယ်ကွင်းအတွင်း သိုဝှက်မြှုပ်နှံ ထားသော ပွိုင့်-၃၈၀ ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-22 ၁ လက်၊ ပွိုင့်-၃၀ ကာဘိုင် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၇ တောင့်၊ ၉ မမ ကျည် ၈ တောင့်၊ ပွိုင့်-၃၀ ကျည် ၂၅ တောင့်၊ ၅.၅၆ ကျည် ၁၂၀ တောင့်၊ ၇.၆၂ ကျည် ၂၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၅ လုံး၊ ပစ္စတို ကျည်အိမ် ၂ ခု၊ ပွိုင့်-၃၀ ကာဘိုင်ကျည်အိမ်(အရှည်/အတို) ၂ ခု၊ M-4 ကာဘိုင်ကျည်အိမ် ၅ ခု၊ M-22 ကျည်အိမ် ၅ ခု၊ လက်လုပ်လက်ပစ်ဗုံး ၆ လုံး တို့အား လည်းကောင်း၊ ဧပြီလ ၂၄ ရက် ညပိုင်းတွင် ခရမ်းမြို့နယ်၊ ကန်သာကျေးရွာ၏ အနောက်ဘက်ရှိ ကောက်ရိုးပုံအတွင်းမှ M-16 ၂ လက်၊ M4A1 ၁ လက်၊ ၁၂ ဗို့ ၁ လက်၊ ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ ပွိုင့်-၃၈၀ ကျည် ၂၆ တောင့်၊ ၉ မမ ကျည် ၆၈ တောင့်၊ ၅.၅၆ ကျည် ၄၈၀ တောင့်၊ ၇.၆၂ ကျည် ၁၉၆ တောင့်၊ ၁၂ ဗို့ကျည် ၄၀ တောင့်၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ စနိုက်ပါကျည်အိမ် ၁ ခု၊ M-22 ကျည်အိမ် ၁ ခု၊ M-16 ကျည်အိမ် ၃ ခု၊ ၁၂ ဗို့ကျည်အိမ် ၂ ခု၊ M4A1 ကျည်အိမ် ၂ ခုတို့အား လည်းကောင်း ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် အကြမ်းဖက်အဖွဲ့ဝင် တရားခံ ၇ ဦး၊ လက်နက်မျိုးစုံ ၁၈ လက်၊ ကျည်အိမ်မျိုးစုံ ၃၀ ခု၊ ကျည်မျိုးစုံ ၁၆၀၇ တောင့်၊ ၄၀ မမ ဗုံးသီး ၂၄ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၆ လုံးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ထက်ရဲလင်း(ခ)အေးမောင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ(နောက်ဆုံးပတ်)တွင် ဖမ်းဆီးရန်ကျန်တရားခံ ထွန်းထွန်းဝင်း (ခ) မီးပွား၏ ချိတ်ဆက်ပေးမှုဖြင့် KNLA တပ်မဟာ(၆)နယ်မြေ ဖလူးလေးစခန်း၌ အကြမ်းဖက်သင်တန်းအား ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စနေ၊ အောင်သူလွင်၊ ချမ်းမြေ့အောင်၊ စည်သူ၊ ကိုပိုင်၊ ဗျတ်ဝိအပါ သင်တန်းသား ၁၃ ဦးဖြင့် ၁၄ ရက်အား လည်းကောင်း၊ မေလ ၁၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ဇင်ဝင်း၊ စနေ၊ ဇော်ကြီး၊ အောင်ကျော်သူ၊ မင်းမင်း၊ ကတုံးတို့ ၆ ဦးနှင့်အတူ KNLA တပ်မဟာ(၅) နယ်မြေ နတ်ကြီးကျေးရွာအနီးရှိ စခန်းသို့သွားရောက်၍ အကြမ်းဖက်သင်တန်းအား သင်တန်းသား ၁၀၀ ဦးဖြင့် ၁၅ ရက်အားလည်းကောင်း အသီးသီးတက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အလားတူ ဖမ်းဆီးရမိတရားခံ ကျော်မင်းထက်(ခ) စာကလေးသည် ၂၀၂၂ ခုနှစ်၊ မေလခန့်တွင် KNLA တပ်မဟာ(၁)၊ ရင်း(၃)သို့ သွားရောက်၍ အကြမ်းဖက် သင်တန်း ၂၁ ရက်အားလည်းကောင်း၊ အောင်မျိုးလွင်(ခ)DK(ခ) ဇော်ကြီးသားသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် အကြမ်းဖက်သင်တန်း ၁ လအား လည်းကောင်း၊ မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလခန့်တွင် အကြမ်းဖက် သင်တန်း ၁၅ ရက်အားလည်းကောင်း၊ စိုးထက်အောင်(ခ)သာလိကာသည် ဧပြီလ ၂၇ ရက်တွင် အကြမ်းဖက်သင်တန်း ၁၅ ရက်အား လည်းကောင်း၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေး သည် ဇွန်လခန့်တွင် အကြမ်းဖက်သင်တန်း ၁၅ ရက်အား လည်းကောင်း KNLA တပ်မဟာ(၁)နယ်မြေ ပိန္နဲကုန်းကျေးရွာအနီးရှိ ခရမ်း PDF အမည်ခံအကြမ်းဖက်စခန်း၌ အသီးသီးတက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်တွင် ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံ ထွန်းထွန်းဝင်း(ခ) မီးပွားမှ ခေါင်းဆောင်၍ ခရမ်းမြို့နယ်အတွင်း၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းများ ဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ထက်ရဲလင်း(ခ)အေးမောင်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လခန့်တွင် လည်းကောင်း၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသားသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ခန့်တွင် လည်းကောင်း၊ မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီးသည် ဖေဖော်ဝါရီလခန့်တွင် လည်းကောင်း၊ စိုးထက်အောင်(ခ)သာလိကာသည် ဧပြီလခန့်တွင် လည်းကောင်း၊ ကျော်မင်းထက်(ခ)စာကလေးနှင့် သန့်ဇင်ဦး(ခ)ဗိုက်ကလေးတို့ ၂ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇွန်လခန့်တွင် လည်းကောင်း ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့သို့ အသီးသီး ဝင်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ထွန်းထွန်းဝင်း(ခ)မီးပွား၏ ခိုင်းစေမှုဖြင့် ခရမ်းမြို့နယ်နှင့် သုံးခွမြို့နယ်အတွင်းတို့၌ အကြမ်းဖက်သတ်ဖြတ်မှု ၃ ကြိမ်နှင့် ပစ်ခတ်တိုက်ခိုက်မှု ၁၅ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း-

၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်တွင် အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသားနှင့် ဖမ်းဆီးရန်ကျန် တရားခံ တဇွတ်ထိုးသည် ဒေးပေါက်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးမြင့်စိုးအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ ကြောင်း။

နိုဝင်ဘာလ ၁၂ ရက်တွင် မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီးနှင့် ဖမ်းဆီးရန်ကျန် တရားခံ အေးမင်းလတ်(ခ)မိုးကြိုးတို့ ၂ ဦးသည် ခရမ်း မြို့နယ်၊ ဂွေးပင်ချောင်းကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဝင်းနိုင်အား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် စိုးထက်အောင်(ခ)သာလိကာ၊ ကျော်မင်းထက်(ခ)စာကလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် လူလှ၊ ရွှေသွေး၊ စနေ၊ သက်ပိုင်စိုး(ခ)သက်ကြီးတို့ ၆ ဦးသည် ခရမ်းမြို့၊ (၁)ရပ်ကွက်၊ ကံဘဲ့အပိုင်း၌ နေထိုင်သူ အပြစ်မဲ့ပြည်သူ ဦးမျိုးဇော်ဦးအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ထက်ရဲလင်း(ခ)အေးမောင်၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အေးမင်းလတ်(ခ)မိုးကြိုးနှင့် ကျွဲကြီးတို့ ၃ ဦးသည် ခရမ်းမြို့နယ်၊ ကရင်ကန်စစ်ဆေးရေးဂိတ်နှင့် မြို့နယ်အားကစားခန်းမတို့အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း။

ဒီဇင်ဘာလခန့်တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် စနေ၊ သက်ပိုင်စိုး(ခ)သက်ကြီး၊ ကျွဲကြီး၊ တိုးတက်အောင်(ခ)တာရာ၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်တို့ ၆ ဦးသည် ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်းအား ၄၀ မမ လက်လုပ် ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ဖမ်းဆီးရန်ကျန် တရားခံ စနေမှ ခေါင်းဆောင်၍ ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကိုဟိန်း၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ နဂါးလေး၊ ကျွဲကြီး၊ မိုးဇက်၊ စစ်ပိုင်၊ ဂဏန်း၊ သားကြီး၊ တိုးတက်အောင်(ခ)တာရာ၊ သက်ပိုင်စိုး(ခ)သက်ကြီးတို့ ၁၂ ဦးသည် ဘုရားပျိုကျေးရွာရှိ ရဲကင်း စခန်းအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ အောင်ဇေ၊ သက်ပိုင်စိုး (ခ)သက်ကြီးတို့ ၄ ဦးသည် ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာရှိ ရဲကင်း စခန်းအား M-79 ဗုံးပစ်လောင်ချာဖြင့် ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်းနှင့် ယင်းနေ့၌ပင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ရဲနိုင်၊ နဂါးလေး၊ ဂဏန်း၊ မိုးဇက်၊ အေးမင်းလတ်(ခ)မိုးကြိုးနှင့် တိုးတက်အောင်(ခ)တာရာတို့ ၆ ဦးမှ နယ်မြေရှင်းလင်းရန် ထွက်ခွာ လာသည့် လုံခြုံရေးယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း။

မတ်လ(ဒုတိယပတ်)တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ထက်ဝေယံ၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်တို့  ၃ ဦးသည် ဘုရားပျိုကျေးရွာရှိ ရဲကင်းစခန်းအား M-79 ဗုံးပစ် လောင်ချာဖြင့် ဒုတိယအကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

မတ်လ(နောက်ဆုံးပတ်)တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ထက်ဝေယံ၊ ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ အောင်ဇေတို့ ၄ ဦးသည် သုံးခွမြို့မရဲစခန်းအား M-79 ဗုံးပစ်လောင်ချာ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

ဧပြီလ(ပထမပတ်)တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ဂျက်ဆင်(ခ)ထွန်းလင်းသော်၊ အောင်ဇေ၊ ကိုတူး တို့ ၄ ဦးသည် ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်းအား M-79 ဗုံးပစ် လောင်ချာဖြင့် တတိယအကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

ဧပြီလ(ဒုတိယပတ်)တွင် ထက်ရဲလင်း(ခ)အေးမောင်၊ မိုးပြည့်စုံကျော် (ခ)ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေးနှင့် ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်သည့် စနေ၊ ကိုထူး၊ ကိုဟိန်း၊ သော်တာကြီး၊ တွတ်ပီ၊ ကိုမင်း၊ နဂါးအပါ အကြမ်းဖက်အဖွဲ့ဝင် ၂၀ ဦးဖြင့် ခရမ်းမြို့နယ်၊ ဇွဲတွန် စစ်ဆေးရေးဂိတ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

အောက်တိုဘာလ ၇ ရက်တွင် မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် မုန်တိုင်း၊ သံခဲ၊ တဇွတ်ထိုးတို့ ၄ ဦးသည် ခရမ်းမြို့နယ်၊ သစ်တောရုံးရှေ့ရှိ လုံခြုံရေးကင်းတဲအား ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

နိုဝင်ဘာလခန့်တွင် ထက်ရဲလင်း(ခ)အေးမောင်၊ မိုးပြည့်စုံကျော်(ခ) ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေးနှင့် ဖမ်းဆီးရန်ကျန်တရားခံ များဖြစ်သည့် အောင်ဇေ၊ သားကြီးတို့ ၅ ဦးသည် ခရမ်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ မြို့မရဲစခန်းနှင့် သစ်တောရုံးတို့အား M-79 ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

နိုဝင်ဘာလ(နောက်ဆုံးပတ်)တွင် မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီး၊ ကျော်မင်းထက်(ခ)စာကလေးနှင့် ဖမ်းဆီးရန်ကျန် တရားခံ မုန်တိုင်း တို့ ၃ ဦးသည် သုံးခွမြို့နယ်၊ ကတုံးပေါ်ကျေးရွာနယ်မြေရဲစခန်းအား ၄၀ မမ လက်လုပ်ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ထက်ရဲလင်း(ခ)အေးမောင်၊ မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေးနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် စနေ၊ သက်ပိုင်စိုး(ခ)သက်ကြီး၊ အေးမင်းလတ်(ခ)မိုးကြိုး၊ မုန်တိုင်း အပါ အကြမ်းဖက်အဖွဲ့ဝင် ၂၀ ဦးဖြင့် သုံးခွမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ နယ်မြေရဲစခန်းအား လက်နက်ငယ် များဖြင့် ဒုတိယအကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း။

ဧပြီလ(ပထမပတ်)တွင် ထက်ရဲလင်း(ခ)အေးမောင်နှင့် ဖမ်းဆီးရန်ကျန် တရားခံ တွတ်ပီတို့ ၂ ဦးသည် ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် ပိန်းကန်ကျေးရွာရှိ ရဲကင်းစခန်းတို့အား M-79 ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

ဧပြီလ ၁၄ ရက်တွင် ထက်ရဲလင်း(ခ)အေးမောင်၊ ကျော်မင်းထက်(ခ) စာကလေး၊ မိုးပြည့်စုံကျော်(ခ)ဒေဝ(ခ)မှတ်ကြီး၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေး၊ စိုးထက်အောင်(ခ)သာလိကာနှင့် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် မုန်တိုင်း၊ စူပါမန်း၊ အေးမင်းလတ်(ခ)မိုးကြိုးတို့ ၈ ဦးသည် ခရမ်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရှေ့ရှိ ရဲကင်းအား လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း။

ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ထက်ရဲလင်း(ခ)အေးမောင်၊ အောင်မျိုးလွင်(ခ)DK(ခ)ဇော်ကြီးသား၊ သန့်ဇင်ဦး(ခ)ဗိုက်ကလေး၊ မိုးပြည့်စုံကျော်(ခ) ဒေဝ(ခ)မှတ်ကြီးတို့ ၄ ဦးအား ဖမ်းဆီးရန်ကျန် တရားခံ ခရမ်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ထွန်းထွန်းဝင်း(ခ)မီးပွားမှ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် လစဉ် ၁ လလျှင် ၁ သိန်းနှုန်းထောက်ပံ့ ပေးခဲ့ပြီး လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက် ပြီးစီးသည့်အခါများတွင် ငွေကျပ် ၂ သိန်းမှ ၃ သိန်းအထိ ထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)