MNP ၊ ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်တွင် ပြည်သူမျာအား စိုးရိမ်ထိတ်လန့်စေရန် PDF အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အဖျက်အမှောင့်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများက ကား ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားများမှာ ၎င်းကားဖြင့် ထွက်ပြေးသွားပြီး မုံရွာမြို၊ အောင်မင်္ဂလာရပ်ကွက်ရှိ လုံခြုံရေးအဖွဲ့ဝင်များမှ အသင့်စောင့်ဆိုင်း စီးကြို ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်သမားများမောင်းနှင်လာသည့် ကားမှာ လမ်းဘေးအား ဝင်တိုက်ကာ ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်သမားများ ဒဏ်ရာဗလပွဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမားများ၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထရန်စဖော်မာအိုး ၁ လုံး ကျည်ထိမှန်ပျက်စီးခဲ့ပြီး PDF အကြမ်းဖက်သမားများ ကျန်ရစ်ခဲ့သည့် ကားအား လုံခြုံရေးအဖွဲ့ဝင်များမှ သိမ်းဆည်းရရှိခဲ့ကာ ခွေးပြေးဝက်ပြေး ထွက်ပြေးသွာသော PDF အကြမ်းဖက်သမားများကို ခြုံရေးအဖွဲ့ဝင်များမှ လိုက်လံရှာဖွေ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment