MNP ၊ ဧပြီ ၂၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ငှက်ဖျားရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ငှက်ဖျားရောဂါတိုက်ဖျက်ရေး တာဝန်ခံ ဦးဂျွိုင်းကိုကို က ငှက်ဖျားရောဂါဖြစ်ပွားလာရသည့်အကြောင်းအရာများ၊ဖြစ်ပွားမှုမရှိအောင်ကာကွယ်ရမည့်အချက်များ၊ငှက်ဖျားရောဂါသည် ခြင်မှတဆင့်ကူးစက်တတ်သောကြောင့်ခြင်ထောင်များဖြင့်အိပ်ကြပါရန်၊ငှက်ဖျားရောဂါဖြစ်ပွားလာပါကလည်း နီးစပ်ရာဆေးပေးခန်းနှင့်မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် အခမဲ့သွားရောက်ပြသခြင်းဖြင့်ဆေးကုသမှုခံယူကြရန်လိုအပ်ပါကြောင်း အိမ်တိုင်းမိသားစုတိုင်းကို ဆေးစိမ်ခြင်ထောင်များအခမဲ့ဝေငှပေးထားခြင်းဖြင့် ငှက်ဖျားရောဂါများကာကွယ်ကြရန် စသည့်အကြောင်းအရာများကိုအကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment