ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊  ဧပြီ ၂၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်း‌ ဆေးကုဌာနတို့ ပူးပေါင်းပြီးဧပြီ(၂၅)ရက်နေ့ နံနက်ပိုင်းက အပူဒဏ်အန္တရာယ်ကာကွယ်ရေး  အသိ ပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က နွေရာသီတွင်ပြည်သူများကြုံတွေ့ခံစားနေရသည့်အပူဒဏ် အန္တရာယ်ကို ကာကွယ်နိုင်စေရန် လိုက်နာရမည့်နည်းလမ်းများကိုပြည်သူများသိရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆေးခန်းမှူးဒေါ်အေးမြတ်မွန်စိုးက အပူဒဏ်ကြောင့်ဖြစ်ပွားနိုင်သည့်ရောဂါများ၊အပူဒဏ်ကိုကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ၊သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊အပူဒဏ်ကြောင့်မလိုလားအပ်သောအကျိုးဆက်များမဖြစ်ပေါ်စေရေးလိုက်နာရမည့်အချက်များကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအပူဒဏ် အန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် နံရံကပ် စာစောင်ပြသခြင်း များဖြင့် ပြည်သူအသိ ပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)