ကျိန္တလီမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show)ကျင်းပပြုလုပ်



MNP ၊  ဧပြီ ၂၅

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး(Talk Show) ကိုယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက (Talk Show) ပြုလုပ်ရခြင်းရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားဖြစ်ရသည့်အကြောင်းရင်း၊ ကလေးများလုပ်သောအလုပ်နှင့်အခွင့်အရေး၊ ကလေး များအတွက်အန္တရာယ်ရှိပြီးခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသည့်အလုပ်များအကြောင်းတို့ကိုပြောကြားခဲ့သသည်၊ ဆက်လက်ပြီး ဒေါ်ဖြိုးဝေသူ  ရုပ်သံ-၃(အင်အားပြ)က အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့်ခေါင်းပုံ ဖြတ်အမြတ်ထုတ်ခံရသည့်အလုပ်လုပ်ကိုင်နေသည့်ကလေးများ၏ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိးမှု၊စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနှင့်လူမှူဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုအကြောင်းတို့ကိုဆွေးနွေးခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)