၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ဂျပန်ကလပ် အူရာဝရတ်အသင်း က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို အနိုင်ရဗိုလ်စွဲပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ AFC အကြီးတန်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ဆုပေးအပ်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ဂျပန်ကလပ် အူရာဝရတ်အသင်း က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို အနိုင်ရဗိုလ်စွဲပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ AFC အကြီးတန်း ဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ဆုပေးအပ်ချီးမြှင့်






MNP ၊ မေ ၈

၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ တွင် ဂျပန်ကလပ် အူရာဝရတ်အသင်း က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းကို အနိုင်ရဗိုလ်စွဲပြီး AFC အကြီးတန်းဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲကို နှစ်ကျော့စနစ်ဖြင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ဧပြီ ၂၉ ရက်က ယှဉ်ပြိုင်ကစားသည့် ပထမအကျော့ပွဲတွင် အယ်လ်ဟီလာနှင့် အူရာဝရတ်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယအကျော့ပွဲစဉ်ကို မေ ၆ ရက်က ဂျပန်မြေ၌ ပြန်လည်ယှဉ်ပြိုင်ကစားရာ အိမ်ရှင် အူရာဝရတ်အသင်းက (၁-ဝ) ဂိုးဖြင့် အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် (၂-၁) ဂိုးဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်လုပွဲအပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌနှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အကြီးတန်းဒုဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ၂၀၂၂ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည့် အူရာဝရတ်အသင်းနှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုရရှိသူ အူရာဝရတ်အသင်း၏ ဂျပန်လက်ရွေးစင် နောက်ခံလူ ဟီရိုကီဆာကာအီတို့ကို ဆုပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)