MNP ၊ မေ ၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ နှင့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းက စတင်ကာ ကြိုတင် အသင့်ဆောင် ရွက်ထား ရှိကြောင်း သိရသည်။
ယခုအခါတွင် ဘင်္ဂလားပင်ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများထံသို့ အချိန်မှီ အသိ ပေး ပြန်ကြားပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာပါက လျင် မြန်စွာ တုံ့ပြန်နိုင်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်နိုင်ရန် ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်း များနှင့် ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအားအသင့်စုဖွဲ့ဆောင်ရွက် ထား ရှိကြောင်းမြို့နယ် မီးသတ်ဦးစီးမှူးဦးထိန်လင်းထံမှသိရသည်။
မာန်အောင်မြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment