ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် ခေတ္တနေထိုင်လျက်ရှိသော အိမ်ထောင်စုဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီခိုလှုံရာစခန်းများတွင် ခေတ္တနေထိုင်လျက်ရှိသော အိမ်ထောင်စုဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်


MNP ၊ မေ ၁၀

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ယာယီခိုလှုံရာစခန်း ၁၀ ခုတွင် ခေတ္တခိုလှုံနေထိုင် လျက်ရှိသည့် ယာယီနေရပ် စွန့်ခွာသူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို မေ ၉ ရက်တွင် ပလက်ဝမြို့၊ ကီမိုခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက အမှာစကားများ အသီးသီးပြောကြားကြပြီး ချင်းပြည်နယ်အစိုးရအဖွဲ့မှ အိမ်ထောင်စု ၁ စုလျင် ဆန်  ၁၀ ပြည်နှုန်းဖြင့် အိမ်ထောင်စု ၆၀၂ စုအတွက် ဆန်အိတ် ၂၅၁ အိတ် အားလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လူတစ်ဦးလျင် ဆန် ၂ ပတ်စာအစား ထောက်ပံ့ငွေ ၄၂၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၂၅၈၅  ဦးအတွက် ထောက်ပံ့ငွေ ၁၀၈ သိန်း ၅ သောင်း ၇ ထောင်ကျပ်အားလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အိမ်ထောင်စု ၆၀၂ စု အတွက် ကာလတန်ဖိုး သိန်း ၅၀ ခန့်ရှိ စားသောက်ကုန်များအား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် တာဝန်ရှိသူများက ပလက်ဝမြို့ပေါ်ရှိ ယာယီခိုလှုံရေးစခန်းများအား လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)