တောင်ကုတ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ နှင့်အဖွဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့်သရုပ်ဖော်ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ နှင့်အဖွဲ့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးပြင်ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုနှင့်သရုပ်ဖော်ဇာတ်တိုက်လေ့ကျင့်မှုတို့ကိုကြည့်ရှုစစ်ဆေး






MNP ၊ မေ  ၈

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်        ရေးနှင့်ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်းအများအတွက် ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှု နှင့်သရုပ်ဖော် ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ယနေ့ နံနက် (၉) နာရီခွဲအချိန် က ခရိုင်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ရုံးရှေ့၌ ဆောင်ရွက်ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နှင့်အဖွဲ့က ကြည့်ရှု ဆေးခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ၊ မြို့နယ်မီးသတ်ဦးစီးဌာန ၊ ဦးစီးအရာရှိ ဦးဆွေလင်းမောင် က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် လူ ၊ ပစ္စည်းနှင့်စက်ပစ္စည်း များစုဆောင်းထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် အဖွဲ့ဝင်များ ၊ တောင်ကုတ်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ဇော်လင်းတို့က ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် သဘာဝဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိသည့်လူနာများအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှကယ်ဆယ်နေမှုနှင့်ကျန်းမာရေးဌာနသို့ပို့ဆောင်၍ ဆေးကုသခံယူနေမှုများကို သရုပ်ဖော်ဇာတ်တိုက်လေ့ ကျင့်ရာ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်မှုလုပ်ငန်းကော်မတီ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့်အဖွဲ့ က လိုအပ်သည်များကို လမ်းညွှန်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)