ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်









MNP ၊ မေ ၈

ကချင်ပြည်နယ် ၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၈ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင် က အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ့်သိမ့်စိုး က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်လွင်က ထောက်ပံ့ငွေ သုံးသိန်းကျပ် ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

နယ်စပ်ဒေသတွင်ရှိသည့်  တိုင်းရင်းသူအမျိုးသမီးများ အသိပညာ အတတ်ပညာ တိုးပွားစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးရည်ရွယ်ချက်ဖြင့် အဆိုပါစက်ချုပ်သင်တန်းကို အောက်တိုဘာ ၆ ရက်နေ့အထိ (၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသူ (၃၅)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

ဗန်းမော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းအနေဖြင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၁)မှ (၄၃)အထိ သင်တန်းသူပေါင်း (၁၅၁၅)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ် (၁)မှ (၃၁)အထိ သင်တန်းသူပေါင်း (၃၄၆)ဦးနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၁)မှ (၃)အထိ သင်တန်းသူပေါင်း (၁၀၉)ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)