ဗန်းမော်ဆရာတော်ဘုရားကြီး ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ၏ အသိပေး နှိုးဆော်ပန်ကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်ဆရာတော်ဘုရားကြီး ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ၏ အသိပေး နှိုးဆော်ပန်ကြားချက်

  



၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော်(၇၄)ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။

၂။ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနားကို နိုင်ငံတော် အဆင့်နှင့်လျော်ညီစွာ ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အင်္ဂါနေ့ ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ ယာယီစံကျောင်းတော်မှ ချမ်းမြသာစည်လေဆိပ်ဟောင်းသို့ အောက်ဖော်ပြပါ လမ်းမများအတိုင်း ပင့်ဆောင်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ဗန်းမော်ကျောင်းတိုက်နှင့် ချမ်းမြသာစည်လေဆိပ်ဟောင်းတို့တွင်လည်းကောင်း၊ ပင့်ဆောင်ရာ လမ်းကြောင်းတလျှောက် လမ်း၏ဘေးဘယ်ညာတွင်လည်းကောင်း၊ လာရောက်ဖူးမြော်ကြည်ညို နိုင်ပါသည် -


(က) ၃၉ လမ်း မှ ၇၃ လမ်းအတိုင်း

(ခ ) ၇၃ လမ်း မှ ၃၈ လမ်းအတိုင်း

( ဂ ) ၃၈ လမ်း မှ ၇၈ လမ်းအတိုင်း

(ဃ) ၇၈ လမ်းမှ ချမ်းမြသာစည်လေဆိပ်ဟောင်း

၃။ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အတွက် ရဟန်းရှင်လူပြည်သူများမှ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျလှူဒါန်းလိုပါက ဗန်းမော်ကျောင်းတိုက်ရှိ အလှူခံမဏ္ဍပ်တွင် လာရောက်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ပါပုဂ္ဂိုလ်များထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ပန်ကြားအပ်ပါသည် -

(က) ဒေါ်မော်လီစန်း - ဖုန်းနံပါတ်- ၀၉-၄၄၁၀၁၉၂၈၃

( ခ ) ဦစိုးမိုးသိမ်း - ဖုန်းနံပါတ်- ၀၉-၉၇၀၈၂၃၆၈၈



#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)