မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေးဟောပြောပွဲကျင်းပ


MNP ၊ မေ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ  နံနက်ပိုင်းတွင် ဘိုးတော်ကုန်းကျေးရွာအုပ်စု၊ ရွှေပြည်ကုန်းကျေးရွာ၌ ဒေသခံပြည်သူများအား မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မီးသတ်ဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဦး​ကောင်းထက်နိုင်က မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်း၊ မုန်တိုင်းဖြစ်​ပေါ်​နေစဉ် လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များအား ဆွေး​နွေးဟောပြောခဲ့သည့်အပြင် ရေသန့်စုဆောင်ခြင်း၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ စုဆောင်း ခြင်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြော​ခဲ့သည်။


ပြည်သူများအ​နေဖြင့် ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးများအား စု​ဆောင်းထားရှိ​ပါက သဘာဝဘေး အန္တရာယ်ကျရောက်ချိန်တွင် မိသားစုဝင်များအတွက် သောက်ရေသန့်များ ကြိုတင်ဖြည့်တင်း စုဆောင်းထားနိုင်သကဲ့သို့ ရေကြီးရေလျှံမှု ဘေးအန္တရာယ် ကျရောက်ပါကလည်း ၅ ဂါလန်ဆံ့ ပလပ်စတစ်ပုံးတစ်ပုံးသည် လူတစ်ဦး၏အသက်ကို ကောင်းစွာကယ်တင်နိုင်သဖြင့် ရပ်ရွာများရှိ နေအိမ်တိုင်းတွင် အသင့်ကြိုတင်ပြင်ဆင်ထားရှိရေး ဆောင်ရွက်ထားကြရန် လိုက်လံသတိပေး နှိုးဆော်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)