MNP ၊ မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းနှင့်နေ့လယ်အချိန်က အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ရှိတက္ကသိုလ်ဆေးရုံဝင်းအတွင်းဆွယ်တော်ပင်လဲကျနေမှု၊ အမှတ်(၁၀)ရပ်ကွက်ရှိ ဦးဝိစာရလမ်း အမှတ်(၂၉၀)တွင် ခြံဝင်းအတွင်းတရုတ်စကားပင်လဲပြို၍ မော်တော်ယာဥ်ပေါ် ပိနေ၍ရှင်းလင်းခြင်း၊ အမှတ်(၁)ရပ်ကွက်ဆီစက်လမ်းရှိစာရင်းရုံးဝင်းအတွင်းသစ်ကိုင်းကျိုးကျနေမှု၊ အမှတ်(၁၀)ရပ်ကွက်၊ဦးဝိစာရလမ်း အမှတ်(၂၇၈) KBZဘဏ်ရှေ့သရက်ပင်သစ်ကိုင်းကျိုးကျနေမှုနှင့် ဘုရင့်နောင်လူကူတံတားလေကာမှန်များလေပြင်းတိုက်ခတ်မှုကြောင့် ပြုတ်ကျပျက်စီးမှုများဖြစ်ပွားခဲ့သည်။
အဆိုပါသစ်ပင်များနှင့်လေကာမှန်များပျက်စီးနေမှုအား ကမာရွတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးဦးစီးမှူးဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းအဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြည်သူများအေးချမ်းသာစွာဖြင့်မိမိတို့၏ရပ်ကွက်များတွင် လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးမှုရေးနှင့်ခရီးသွားပြည်သူများ လွယ်ကူချောမြေ့စွာသွားလာနိုင်အတွက် အမြန်ဆုံးရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့နေအိမ်ဝင်းအတွင်း မော်တော်ယာဥ်ပေါ်သို့ သစ်ပင်များပြိုလဲမှုကြောင့်လူနှင့် ပစ္စည်းထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရပါသည်။
စိမ်းလဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment