Pages

Pages

ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်ကျေးရွာများအား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေး၊ စားရေရိက္ခာများထောက်ပံ့






MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်သဘာဝဘေးအန္တရာယ် များကျရောက်ပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦးဇာနည်ကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့ နေ့လယ်ပိုင်းတွင် တောင်ပေါက်ကျေးရွာအုပ်စု၊ မကျေးငူကျေးရွာအုပ်စု၊ တင်းတောကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ လောင်းကျိုးကျေးရွာအုပ်စုတို့အား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေးခြင်းများနှင့် စားရေရိက္ခာများထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက  မြို့နယ်အတွင်း သဘာဝ ဘေးအန္တရာယ် ကျရောက်လာပါက  ထိခိုက်မှုများ ရှိနိုင်သည့် တောင်ပေါက်ကျေးရွာအုပ်စု၊ မကျေးငူကျေးရွာ အုပ်စု၊ တင်းတောကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ အုပ်စု၊ လောင်းကျိုးကျေးရွာအုပ်စုတို့ရှိ ဒေသခံ ပြည်သူ များအား  တွေ့ဆုံ၍   မုန်တိုင်းကြောင့် သဘာဝဘေး အန္တရာယ် ကျ ရောက်နိုင်သဖြင့် ဘေးလွတ်ရာ နေရာသို့ အချိန်မီ ပြောင်းရွှေ့နိုင်ရေး  ၊ ရွှေ့ပြောင်းဆောင်ရွက်မည့် အစီအစဉ်များ၊ မှန်ကန်ခိုင်လုံသည့် သတင်းများအား ကြည့်ရှုနားထောင်စေရေးနှင့်  မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေး အတွက် အသိပညာ ဗဟုသုတများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသန့်ဗူး၊ရေပုံးတို့ဖြင့်အသက်ကယ်နည်းလမ်းများအားသရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး ခိုလုံစဉ်ကာလတိုအတွင်း စားသောက်နိုင်ရန် ရေသန့်၊ကြက်ဥ၊ခေါက်ဆွဲခြောက်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment