Pages

Pages

မြောက်ဦးမြို့၌ ပြည်သူများသို့ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုင်တင်ကာကွယ်နိုင်ရေး သတိပေး နှိုး ဆော်





MNP ၊ မေ  ၁၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ များ ထံသို့ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးကြိုတင် သတိပေးနှိုးဆော် ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း မီးသတ်ယဉ်ဖြင့် လှည့်လည်၍ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန မှ မုန်တိုင်းသတိပေးချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။


ထို့နောက် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၀) မိုင် မှ မိုင်(၄၅) ခန့်အထိ တိုက်ခတ်နိုင်ပြီး ၊ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီး ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ် လျှောက် နှင့်မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ် လာနိုင်သောကြောင့်  ကြိုတင်သတိပြုနေထိုင်ကြရန် နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ ကမ်းလွန်ပင်လယ်ပြင်တွင် ငါးဖမ်းရေယဉ်များအနေဖြင့် ကြိုတင်ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှုဦးစီးဌာန၏ အချိန်နှင့်တပြေးညီထုတ်ပြန်မှုကို  စောင့်ကြည့်၍ ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ကြိုတင်သတိ ပေးနှိုး ဆော်လျက်ရှိသည်။


ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထုတ်ဝေ သည့် မုန်းတိုင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက် ရန် အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ရှောင်ရှားသင့်သည့် အချက် များ၊ မုန်တိုင်းပြီးဆုံးချိန်တွင် ဆောင်ရွက်ရမည့်အချက်များ စသည့် အကြောင်းအရာပါ လက်ကမ်း စာစောင်များကိုလည်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်လက်ကမ်းစာစောင်များ ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment