ရသေ့တောင်မြို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌ သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မေ  ၇ 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုယနေ့၊နံနက်(၁၀)နာရီကမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ Command Postအစည်း

အဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။


 ဦးစွာမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ကမ်းနီးကျေးရွာများအားကြိုတင်

ပြောင်းရွေ့ဆောင်ရွက်မှုများပြုလုပ်ခြင်းငါးဖမ်းဘုတ်၊လှေများအားသတိပေးဆောင်ရွက်ခြင်းနှင့်မြို့နယ်ကော်မတီ ဝင်များအား ကူညီဆောင်ရွက်ပေးရမည့်လုပ်ငန်းကော်မတီ ၁၂ ခု ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များခွဲဝေချထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြိုတင်ထုတ်ပြန်ထားသည့် မုန်တိုင်းနှင့်သဘာဝဘေးအန္တရာယ်သတင်းများကို ၇၂ နာရီအတွင်းကြိုတင်ရယူ၍ဆောင်ရွက်ရမည့်အချက်(၁၈)

ချက်၊ ပြည်သူများကြိုတင်သိရှိအောင် ဆောင်ရမည့် အချက်(၇) ချက်၊ မုန်တိုင်းဖြတ်သန်းချိန်တွင် ဆောင်ရွက်ရမည့် အချက်(၇)ချက်တို့အား တာဝန်အသီးသီး ခွဲဝေကာ ချပြဆွေးနွေးခဲ့သည်။


ဆက်လက်၍တက်ရောက်လာကြသည့် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များမှ အရာရှိများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ကြက် ခြေနီအသင်းမှတာဝန်ရှိသူ

များကကြိုတင်ဆောင်ရွက်ထားရှိမှုလုပ်ငန်းများအား တင်ပြဆွေးနွေး ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)