MNP ၊ မေ ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ် ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြို့နယ် အတွင်း မုန်တိုင်းအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည့် အရေးပေါ်ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများနှင့် လိုအပ်သော အစားအသောက် နှင့်ဆေးဝါးများအား ကူညီထောက်ပံ့ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များက မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ၎င်းတို့အသင်းအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည့် အစီအစဉ်များနှင့် ရင်ဆိုင်တွေ့ကြုံနိုင်သည့် အခက်အခဲပြဿနာများအား အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MyanmarNationalPost
No comments:
Post a Comment