မြစ်သားမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း အချိန်မီ ဖွင့်လှစ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များသင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်သားမြို့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း အချိန်မီ ဖွင့်လှစ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များသင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကျင်းပ



MNP ၊ မေ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြုရေး အထက်တန်းကျောင်း အချိန်မီဖွင့်လှစ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ပညာရပ်များ   ဌာနဆိုင်ရာများမှ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနားကို မေလ ၅ ရက်နေ့၊ နံနက်(၁၀) နာရီခွဲက အထက(မြစ်သား)ကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က အဖွင့်အမှာစကားပြောကြားပြီး အထက (မြစ်သား) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ ဇာနည်ဇော်တို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ ဆက်လက်ပညာသင်ကြားနိုင်ရေး တွေ့ဆုံရှင်းလင်းရခြင်း ရည်ရွယ်ချက်များဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးမွေးမြူရေး ပညာရပ်များ တစ်နိုင်ငံလုံးသို့ ပြန့်ပွားစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်စေရန်၊ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်သော ကျောင်းသား/ကျောင်းသူများအတွက် အသက်မွေးဝမ်းကျောင်းပညာအဖြစ်  လမ်းသွယ်များ ဖွင့်လှစ်သင်ကြားပေးရန်၊ အစိုးရနှင့်ပုဂ္ဂလိက စိုက်ပျိုး မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး ကျွမ်းကျင်လုပ်သားများ (Skilled Labors) ပြုစုပျိုးထောင်ပေးရန်စသည့် ရည်ရွယ်ချက်များ၊ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆောင်ရွက်မည့် အစီအစဉ်များ၊ ကျောင်းသားကျောင်သူခေါ်ယူမည့် အစီအစဉ်များ၊ သက်မှတ်အရည်အချင်းများ၊ ပေးအပ်မည့်အောင်လက်မှတ်များအကြောင်း၊ စာသင်နှစ်အလိုက် သင်ကြားပို့ချမည့် ဘာသာရပ်နှင့် စာသင်ချိန်များ၊ အထက်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်နိုင်မည့် အခွင့်အလမ်းများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကို တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း​ ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံရှင်းလင်းပွဲသို့ မြစ်သားမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ အထက(မြစ်သား)ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်ဇော်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ တက်ရောက်မည့် ကျောင်းသား/ကျောင်သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သီတာအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)