ဂုဏ်ပြုထိုက်သော ဘောလုံးသမား သက်ဟိန်းစိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂုဏ်ပြုထိုက်သော ဘောလုံးသမား သက်ဟိန်းစိုး



ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်   (၃၂)ကြိမ်မြောက်   အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်းပြိုင်ပွဲ)ဝင် မြန်မာ ယူ-၂၂ အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဘောလုံးသမားတစ်ဦးကတော့ အသင်းရဲ့ နောက်ခံလူ သက်ဟိန်းစိုးပဲ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ်များမှာ မြန်မာအသင်းအတွက် အဓိကကျတဲ့ အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့သလို အိမ်ရှင်ကမ္ဘောဒီးယား ယူ-၂၂ နဲ့ ယှဉ်ပြိုင်ရတဲ့ ပွဲမှာ သက်ဟိန်းစိုး သွင်းယူပေးခဲ့တဲ့ ဂိုးက အလှဆုံး ဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။

ပွဲဦးထွက် မြန်မာအသင်းနှင့် တီမောလက်စ်တေ အသင်းတို့ ကစားခဲ့ရာ မြန်မာအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲမှာ နှစ်သင်းစလုံးအဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက မြန်မာအသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ အပိုင်ဂိုးသွင်းခွင့် အချို့ရရှိခဲ့သော်လည်း   အဆုံးသတ်ပိုင်း လိုအပ်ချက်များကြောင့် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ဘဲ ပွဲချိန် ပထမပိုင်းတွင် ဂိုးမရှိသရေရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့ပါတယ်။ 

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် တီမောလက်စ်တေ အသင်း၏ ပြန်လည်ဖိအားပေးမှုများကြောင့် ပိုမို အကြိတ်အနယ်ရှိလာခဲ့ပြီး အပြန်အလှန် တိုက်စစ်ဆင်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ ပွဲချိန် ၇၂ မိနစ် ထောင့်ကန်ဘောမှတစ်ဆင့် ဟိန်းထက်အောင် ဖန်တီးပေးမှုကို သက်ဟိန်းစိုးက အပိုင်ပိတ်သွင်းပြီး မြန်မာအသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ ပွဲစဉ်မှာတော့ မြန်မာအသင်း မရှုမလှရှုံးခဲ့ပါတယ်။ နိုင်ပွဲတစ်ပွဲရှိထားတဲ့အတွက်ကြောင့် အိမ်ရှင် ကမ္ဘောဒီးယားနဲ့ ပွဲကို အားထည့်ပြီး ကစားခဲ့ကြပါတယ်။ အသင်းအတွက် လိုအပ်တဲ့ အနိုင်ဂိုးတစ်လုံးကို ဟိန်းထက်အောင် က သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ သက်ဟိန်းစိုးကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဟိန်းထက်အောင်ရဲ့ ဖန်တီးပေးပို့မှုကို မြေဝယ်မကျ ဘိုင်စကယ်ကစ်နဲ့ ကန်သွင်းသွားခဲ့တဲ့ သက်ဟိန်းစိုးရဲ့ သွင်းဂိုးဟာ မြင်သူတကာကို အံ့သြမင်သက်သွားစေနိုင်တဲ့ သွင်းဂိုး ဖြစ်ခဲ့ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ပွဲမှာလည်း မြန်မာဘက်က ခြေစွမ်းပိုင်း အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် မသေချာမှုတွေကြောင့် ဂိုးပေါက်ပျောက်ဆုံးနေခဲ့ပါတယ်။ ဖိလစ်ပိုင်အသင်းကလည်း ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲဆက်ခဲ့တာ ဖြစ်တဲ့အတွက် မြန်မာနဲ့ ဆုံတွေ့ချိန်မှာ ရေကုန်ရေခမ်းကို ကစားလာပြီး တန်ပြန်တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်လာပါတယ်။ ဖိလစ်ပိုင်အသင်းရဲ့ ဘီးကုတ်စက်ဝိုင်းအတွင်းမှာ ရရှိတဲ့ ပြစ်ဒဏ်ဘောကို ဟိန်းထက်အောင် က စနစ်တကျ ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲဖို့ ကြိုးစားရာမှာ ဘားတန်းထိပြီး ပြန်ထွက်လာတဲ့ ဘောကို သက်ဟိန်းစိုးက ပိတ်သွင်းယူပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ နောက်တန်းကစားသမားတစ်ယောက်က ပွဲစဉ်တိုင်းနီးပါး အသင်းအတွက် အဓိက ကျတဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တယ်ဆိုတာ ရှာမှ ရှားပါပဲ။ 

သက်ဟိန်းစိုး ရဲ့ သွင်းဂိုးတွေနဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်အထိ တက်လှမ်းခဲ့ပါပြီ။ ဆက်လက်ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကတော့ ပိုပြီး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ ဖြစ်လာမှာပါ။ မိမိတို့ထက် အင်အားတောင့်တင်းတယ်လို့ ထင်ရတဲ့ အသင်းတွေကိုလည်း မိမိတို့ရဲ့ ရဲရင့်ထက်မြတ်တဲ့ စွမ်းအင်နဲ့ အနိုင်ရလာဒ်ထွက်ပေါ်ဖို့ ကြိုးစားပြီး ယှဉ်ပြိုင်မယ်ဆိုရင် ရွှေဖလားဟာ လက်တစ်ကမ်းမှာ ရှိနေပါပြီ။

သက်ဟိန်းစိုး၊ ဟိန်းထက်အောင်  တို့အား အထူးအားထား၍ ကစားသမားအားလုံးက ရေကုန်ရေခမ်း စွမ်းအားရှိသ၍ ကြိုးစားအားထုတ်ပြီး မြန်မာ့ဂုဏ်ကို ဆောင်နိုင်ကြပါစေကြောင်း။   ။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)