ရသေ့တောင် မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးဆွေးနွေးဟောပြောဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင် မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် ကြုံတွေ့လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးဆွေးနွေးဟောပြောဆောင်ရွက်




MNP ၊ မေ  ၉

 ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့၌သဘာဝဘေး အန္တရာယ်ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံ တွေ့လာပါက အရေးပေါ်လိုအပ်ချက်များအားကြိုတင်ပြင်ဆင်ထားရှိနိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၏ ဦးဆောင်မှုနှင့်ဌာနဆိုင်ရာကော်မတီဝင်များက အဖွဲ့များခွဲပြီး မြို့ပေါ်ရပ်ကွက်များ၊ယာယီနေရပ်စွန့်ခွာစခန်းများသို့ကွင်းဆင်းကာဆောင်ရွက်ခဲ့ကြရာမြို့နယ်ဥပဒေရုံးနှင့်ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ညနေ ၃ နာရီအချိန်ကစားသုံးသူရေးရာယာယီနေရပ်စွန့်ခွာစွန့်ခွါစခန်းသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ရှေးဦးစွာ ဥပဒေအရာရှိဒေါ်အေးငြိမ်းငြိမ်းစံမှမုန်တိုင်းဖြစ်ပေါ် လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများ ရှိလာနိုင်သဖြင့် သဘာဝဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းလုပ်ငန်းများအနေဖြင့် အရေးကြီးသောစာရွက်စာတမ်းများအားလုံခြုံစွာသိမ်းဆည်းထားကြရန်၊ဆေးဝါးရိက္ခာများ၊သောက်ရေများ သိုလှောင်ထားကြရန် နှင့်ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအားဘေးလွတ်ရာသို့ပို့ဆောင်နိုင်ရေးကြိုတင်ဆောင်ရွက်ထားကြရန်တို့ကိုဆွေးနွေးဟောပြောပြီး၊ ပြန်/ဆက်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးမှလည်း မုန်တိုင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရေး အတွက်မိုးလေဝသနှင့်ဇလဗေဒကထုတ်ပြန်ကြေငြာချက်များအားမိမိတို့၏We Love Page များတွင်အချိန်နှင့်တပြေးညီ ဖော်ပြထားရှိခြင်းများအား ဖတ်ရှု၍ စခန်းခေါင်းဆောင်များ သတိပေးဆောင်ရွက်ကြရန်နှင့်ဘေးအန္တရာယ်လျော့ပါးစေရေးအတွက်ကြိုတင်အသိပေးထားရှိချက်များအားလိုက်နာဆောင်ရွက်ကြရန်ဆွေးနွေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။


 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)