မော်လမြိုင်ကျွန်းမြိုင်တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင် မီး မှ ကူးဆက်လောင် မူကြောင့် လူနေအိမ်သုံးလုံး မီးလောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိုင်ကျွန်းမြိုင်တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင် မီး မှ ကူးဆက်လောင် မူကြောင့် လူနေအိမ်သုံးလုံး မီးလောင်





MNP ၊ မေ  ၉

 ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့ တပင်ရွှေထီးလမ်းမကြီးတွင် မေလ ၉ရက် နေ့လည် ၁၁နာရီ ၅၀မိနစ်တွင် ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင် မီး မှ ကူးဆက်လောင် မူကြောင့် လူနေအိမ်သုံးလုံး မီးလောင်မူဖြစ်ပွားကြောင်း သိရသည်။ 


ဖြစ်စဉ်မှာ ထပင်ရွှေထီးလမ်းမကြီးရှိ အိမ်အမှတ်(----)၌ ဘုရားမီးပူဇော်ထားသော ဖယောင်းတိုင် မီး မှ ကူးဆက်လောင် မူကြောင့် မီးလောင်မူစတင်ဖြစ်ပွားကာ စုစုပေါင်းလူ နေအိမ်သုံးလုံးကူးဆက်လောင်ကျွမ်းခဲ့သည်။


ယင်းမီးလောင်မှုအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ သတင်းရလျှင်ရခြင်း မြို့နယ်မီးသတ်တပ်ဖွဲ့အမူဆောင်အရာရှိ ဦးမျိုးဇော် ဦးဆောင်သောအင်အား၂၁ ဦးသည်  မီးငြိမ်းသတ်ယာဉ် ၄စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်ငြိမ်းသတ်မှု့ ကြောင့် ၁၂နာရီ ၂၀မိနစ်ခန့်တွင်ကူးဆက်လောင်ကျွမ်းမှု့ မရှိစေရန်ဆောင်ရွက်နိုင်ခဲ့  ကြသည်။ 

 

     ထို့နောက် မော်လမြိုင်ကျွန်းမြို့နယ် ကျိုက်ပိတိုက်နယ်အုပ်စု မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီးနှင့် အင်းအား၄ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် ၁ စီနှင့် အင်အား၂၀ခန့်၊ မြို့နယ်ရှိအရံမီးသတ်တပ်ဖွဲ့အင်အား၅၀ ခန့် ၊ မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ အင်အား၂၀ခန့်၊  မြို့နယ်လူမူကူညိီရေးအသင်းဓမ္မမေတ္တာပါရမီစာဂအဖွဲ့မှ အင်းအား ၁၅ဦးခန့်နှင့်အတူ ရပ်ကွက်နေပြည်သူများအား  ဝိုင်းဝန်းကူညီငြိမ်းသတ်ပေးမူ့ကြောင့် ကူးဆက်လောင်ကျွမ်းခြင်းမရှိတော့ပဲ နေ့လည် ၁၂နာရီ ၃၀မိနစ်တွင်မီးငြိမ်းသတ် နိုင်ခဲ့သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)