‌ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

‌ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်နိုင်ရန် ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့်






MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်မှုများပြုလုပ်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များပါသည့် ရှာဖွေကယ်ဆယ်ရေးပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် ဇာတ်တိုက်လေ့ကျင့်ခြင်းကို Welcome To Kyauk Phyu အနီးရှိ ပင်လယ်ပြင်နေရာ၌ ပြုလုပ် ဆောင်ရွက်သည်


ထို့သို့ ပင်လယ်ပြင်ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ရာတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များဖြစ်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မုန်တိုင်းဘေးကြောင့် ပင်လယ်ပြင်တွင်မျောပါပြီး ရေနစ်မြုပ်နေသူများအား ရှာဖွေကယ်ဆယ်ပေးခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာပြုစုပေးခြင်း၊ အရေးပေါ်ယာဉ်ဖြင့် သယ်ဆောင်ခြင်း စသည့် ပင်လယ်ပြင်ကယ်ဆယ်ခြင်း သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့် မှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေမှုအား ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် ကော်မတီဝင်များ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကြောင်းသိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)