ရွှေတောင်မြို့နယ်တွင် အရေးပေါ်ကာလ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် အရေးပေါ်ကာလ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP ၊ မေ  ၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက အရေးပေါ်ကာလ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီးသဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။


           အဆိုပါ အရေးပေါ်ကာလ သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်က အရေးပေါ်ကာလ သဘာဝဘေးဖြစ်ပေါ်နိုင်သည့်အခြေအနေများ၊လုပ်ငန်းကော်မတီများ၊ဆပ်ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေများ၊လုပ်ငန်းစီမံချက် ရေးဆွဲထားရှိမှု အခြေအနေများနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီသတင်းတင်ပြရန်လိုအပ်သည့် အခြေအနေများအား ရှင်းလင်းပြောကြားရာ သက်ဆိုင်ရာဌာနများမှ သဘာဝဘေး ဖြစ်ပေါ်လာပါက ဆောင်ရွက်ရန်လိုအပ်မည့် အခြေအနေများ၊ ကူညီစောင့်ရှောက်ပေးနိုင်မည့် အခြေအနေ များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့်ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များက မိမိတို သက်ဆိုင်ရာနယ်မြေအတွင်း ဆောင်ရွက်ပေးရန်လိုအပ်သည့် အခြေအနေများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက် ထားရှိမှုအခြေအနေများအားဆွေးနွေးတင်ပြရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင်ကလိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်​ကြောင်းသိရသည်။


ကိုကို မင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)