မာန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မုန်းတိုင်းသတိပေးချက်များ ဆော်သြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မြို့ပေါ်ရပ်ကွက်များအတွင်းမုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မုန်းတိုင်းသတိပေးချက်များ ဆော်သြ




MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာန၊လက်ထောက်မီးသတ်ဦးစီးမှူးဦးကျော်စွာထွန်းဦးဆောင်၍သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မုန်တိုင်းသတိပေးချက် ဆော်သြခြင်းကိုယနေ့နံနက်၁၀နာရီက မြို့ပေါ်ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။


  ထိုသို့ ဆော်သြရာတွင် ယနေ့မြန်မာစံတော်ချိန်(၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။


 မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၇၁၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း (Nicobar Islands)၏ အနောက်-အနောက်မြောက်ဘက်ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)၏ တောင်-အနောက်တောင်ဘက်ရေမိုင်(၇၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေပါသည်။ 


အဆိုပါမုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ့ကမ်းရိုးတန်းသို့ဦးတည်ရွှေ့နိုင်သည့်အခြေအနေရှိသဖြင့်လိမ္မော်ရောင်အဆင့်သတ်မှတ်ပါသည်။


  မုန်တိုင်း အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊မိုးကြီးခြင်း၊ရုတ်တရက် ရေကြီးခြင်း စသည့်နှင့် အတူမြေပြိုခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ချောင်းငယ် အနီးတွင် နေထိုင်သူများအတွက် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့်ကြိုတင်သတိပြုနေထိုင်ပါရန်နှင့် မိမိတို့နှင့်နီးစပ်ရာ ဆိုင်ကလုန်းချာတာနှင့် ခိုင်ခန့်သောအဆောက်အဦးများတွင် ခိုလုံနေထိုင်ကြပါရန် အသိပေးဆော်သြခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)