ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာ စိုက်ထူ



MNP ၊ မေ  ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့လှုပ်ရှားမှု မြေစိုက်ပိုစတာ  စိုက်ထူခြင်း ကို  ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးနှင့် မီးပွိုင့်လမ်းဆုံတို့၌ ဆောင်ရွက်ခဲ့ ကြသည်။   


ဂွမြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဟူသည့်ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်နှံနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး၊ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများပူးပေါင်း၍ မြေစိုက်ပိုစတာများ စိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)