MNP ၊ မေ ၉
မွန်ပြည်နယ်၊ ပေါင်မြို့ နယ်၌ ဧပြီ၊ မေ မိုးကြိုကာလတွင်ဖြစ်တတ် သော မုန်တိုင်းအန္တရာယ်၊ မိုးကြိုးပစ်ခြင်းနှင့်လေပြင်းတိုက်ခိုက်ခြင်းများဖြစ်ပေါ်တတ်သ ဖြင့် ပြည်သူများမှ သဘာဝဘေးအန္တရာယ်ကို ကြို တင်သိရှိကြစေရန်ရည်ရွယ်၍ ယနေ့ည နေပိုင်းမှစတင်ကာ သဘာဝဘေးအန္တရာယ် အသိပညာပေး အကြောင်းအရာများကို ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြသ ဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါမြေစိုက်ဘုတ်တွင် မုန်တိုင်းအတွက်ကြို တင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းများ၏အန္တရာယ်ကိုသဘောပေါက်လွယ်စေသည့်အ ရောင်ဖြင့်သတိပေးစနစ်များပါရှိသည့် အချက်များ ပူပြင်းခြောက်သွေ့သောရာသီဖြစ်သည့် ဧပြီလနှင့် မေလများတွင် မီးလောင်ခြင်းများ၊လေပြင်းတိုက်ခတ်ခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များ ကျရောက်နိုင်သည့်အတွက် ပြည်သူများ သတိထားပြီး ကာကွယ်ခြင်းများ ကိုပြသထားခြင်း သဘာဝဘေး တွေကြုံလာရပါက တုန့်ပြန်ကာကွယ်ရမည့်နည်းလမ်းများ ကို ပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment