Pages

Pages

ဂွမြို့နယ်တွင် သဘာ၀ဘေးကျရောက်လာပါက ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေး တာဝန်ရှိသူများက တံတားများအား ကြည့်ရှုစစ်ဆေး




MNP ၊ မေ  ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် သဘာ၀ဘေးကျရောက်လာပါက ဆက်သွယ်ရေးပြတ်တောက်မှု မရှိစေရေးအတွက် ယမန်နေ့ ညနေပိုင်းက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများက ဂွ-သံတွဲကားလမ်းပေါ်ရှိတံတားများ ကြံခိုင်မှုအခြေအနေအား ကွင်းဆင်း၍  ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သဘာဝဘေးကျရောက်လာလျှင် မုန်တိုင်း၏အရှိန်​ကြောင့် ဆက်သွယ်​ရေးပြတ်​တောက်မည့် အ​ခြေအ​နေ မဖြစ်ပေါ်စေရေးအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများက  ဂွ-သံတွဲကားလမ်းပေါ်ရှိ တံတားများ ကြံခိုင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost



No comments:

Post a Comment