Pages

Pages

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများ တူးဖော်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး





MNP ၊ မေ  ၁၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။


အဆိုပါ ကြည့်ရှုစစ်ဆေးရာတွင် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့်တာဝန်ရှိသူများ ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ လိုအပ်သည်များကိုမှာကြားခဲ့သည်။ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်က ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား အာဟာပြည့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများမှာ ကျင်းပေါင်း ၅၀၀၀ လျာထားသည့်အနက်မှ မေလ ၉ ရက်နေ့ အထိ သဲနုန်းကျင်း ၂၈၂၆ ကျင်း တူးဖော်ပြီးစီး၍ ရာခိုင်နှုန်းအားဖြင့် ၅၆ ဒသမ ၅၂  ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment