လက်ပံတန်းမြို့တွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့တွင် ကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ


MNP ၊ မေ  ၉

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ မြို့မဈေးအဝိုင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  “ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် ၇ နာရီကကျင်းပသည်။


အဆိုပါဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးနှင့် ဆရာဆရာမများတက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများအား မေလ ၂၃ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)