သထုံမြို့ အဝေးပြေးလမ်းမကြီး ဝဲယာရှိ သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ အဝေးပြေးလမ်းမကြီး ဝဲယာရှိ သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်း





MNP ၊ မေ  ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးကြိုကာလ၌ လေပြင်းမုန်တိုင်းတိုက်ခတ်လာပါက လဲပြိုပဲ့ကျနိုင်သည့် သစ်ပင်၊ သစ်ကိုင်းကြီးများကို မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့က လိုက်လံခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။


ခုတ်ထွင်ရှင်းလင်းရာတွင် မြို့ နယ်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိုနယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သောအဖွဲ့မှ လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပါက ပြိုလဲပဲ့ကျပြီး ထိခိုက်မှုအန္တရာယ်နှင့် လမ်းပိတ်ဆို့မှုတို့ ဖြစ်ပွားနိုင်သည့် ရန်ကုန်-မော်လမြိုင်နှင့် သထုံ-ဘားအံ အဝေးပြေးလမ်းမကြီး ဝဲယာတို့ရှိ သစ်ပင်ကြီးများအား ကြိုတင်ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ကိုင်းများခုတ်ထွင်ခြင်းတို့ကို လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)