(၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်


MNP ၊ မေ ၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဦးတည်ချက်များအနက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရောကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်းအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့်သားဖွား ဆရာ/ဆရာမများကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ဆရာမများမှ သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာအဓိဌာန်များအား အလေးထားလိုက်နာပြီး ဘက်စုံထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမကောင်းများဖြစ်စေရန် ကြိုးစားနေထိုင်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင် ဝါသနာကိုအရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် နှစ်ဆုံးစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် PTS စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးမွန်က ဦးဆောင်းအပ်နှင်းပွဲ ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ 


ယင်းနောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု)ဒေါ်မိုးချယ်ရီအောင်နှင့် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်ဌေးဌေးမွန်တို့က  သင်တန်းသူလေးများအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြပြီး ကမ္ဘာ့သူနာပြုမိခင်ကြီး မီးအိမ်ရှင်ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအားဖြင့် သင်တန်းသူလေးများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကာ သူနာပြုသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ သင်တန်းသူလေးများက ဂရုဏာအလင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဆရာများ၊ သင်တန်းသူများနှင့် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)