MNP ၊ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် ဘုရားချောင်းတံခွန်တိုင်ကြီးကျေးရွာအုပ်စုတွင် ကျေးရွာချင်းဆက် မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဒေသခံပြည်သူများက မေလ၂၇ရက်နေ့ကစ၍ ကိုယ်ထူကိုယ် ထ ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။
ယင်း ကွန်ကရစ်လမ်းသည် အလျား ၁၅၀၀ပေ၊ အကျယ် ၅ပေ၊ထု ၅လက်မဖြစ်ပြီး ကုန်ကျငွေကျပ်သိန်းပေါင်း(၉၀)သိန်းခန့်ရှိသည်။ ၎င်းကုန်ကျငွေအားကျေးရွာရှိပြည်သူများနှင့် စေတနာရှင်အလှူရှင်များမှစုပေါင်းအလှူငွေများဖြင့် အပတ်စဥ်တိုင်း ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်သည်။
၎င်း ကျေးရွာချင်းဆက်လမ်းမကြီးသည်တံခွန်တိုင်ကြီးကျေးရွာ၊ ဘုရားချောင်းကျေးရွာ၊ ဝါးနက်ချောင်းကျေးရွာနှင့် တဆက်တည်းဆက်သွယ် ဖောက်လုပ်ထားသော လမ်းမကြီးဖြစ်ပြီး၊ ထိုဆက်သွယ်ရေးလမ်းအားအသုံးပြု၍ ယင်းကျေးရွာ (၃)နှင့် အနီးဝန်းကျင်ရှိကျေးရွာနေပြည်သူများသည် တံခွန်တိုင်ကြီးကျေးရွာရှိ ကျေးလက်ဆေးခန်းနှင့် အခြေခံပညာအထက်တန်းကျောင်းသို့ နေ့စဥ်ဖြတ်သန်းသွားလာအသုံးပြုလျက်ရှိသော အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သည်။
ယခုပြုလုပ်လျက်ရှိသော ကွန်ကရစ်လမ်းမကြီးပြီးစီးသွားပါက ကျေးရွာဒေသခံပြည်သူများ၊ကျောင်းသားကလေးသူငယ်များ၊ ရဟန် ၊ရှင်၊ လူ ပြည်သူများမှာ ဆိုင်ကယ်၊ စက်ဘီးများဖြင့်ဘုရားချောင်းတံခွန်တိုင်ကြီးကျေးရွာအုပ်စုမှ မော်လမြိုင်ကျွန်းမြို့အထိတိုက်ရိုက်ဆက်သွယ်သွားလာနိုင်ပြီး၊ ဒေသခံပြည်သူများ၏ ကျမ်းမာရေး ၊ပညာရေး၊စီးပွားရေး၊လူမူရေးလုပ်ငန်းများ၊ဒေသထွက်ကုန်ပစ္စည်းများရောင်းဝယ်ရာတွင်လည်း ကုန်စည်စီးဆင်းမူမြန်ဆန်၍အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့် က ပြောသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment