ရွှေတောင်မြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေများအား ပြည်သူများးသိရှိနိုင်ရေးနှိုးဆော်သတိပေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေများအား ပြည်သူများးသိရှိနိုင်ရေးနှိုးဆော်သတိပေးခြင်းများဆောင်ရွက်





MNP ၊ မေ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့ နေ့လယ်ပိုင်းက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများကိုဆောင်ရွက်ခဲ့သည်။


       အဆိုပါ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေးခြင်းများ ဆောင်ရွက်ရာသို့ ရွှေတောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချို နှင့်ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ( ၃) ရပ်ကွက်အတွင်းရှိ ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် နှိုးဆော်သတိပေး ခြင်းများကိုဆောင်ရွက်ခဲ့ပြီး ကျေးအုပ်စုနေပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးနှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)