ရခိုင်ပြည်နယ် မောင်တောမြို့၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သုံးမိုင်ဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သုံးမိုင်ဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲပြုလုပ်






MNP ၊ မေ  ၇ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ  သုံးမိုင်ဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇာ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကိုပြုလုပ်ရာ ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ဆရာတော်ကြီးအား သီတင်းသုံးရာ ကျောင်းတော်မှ အခမ်းအနားဖြင့် သာသနာ့ ဗိမာန် တော်ကြီးသို့ ကြိုဆို ပင့်ဆောင်ပြီး    ဂုဏ်ပြုပွဲအား သာသနာ့ ဗိမာန် တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတ နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်၏ ဦးစီးပဓါနနာယက ဘဒ္ဒန္တစန္ဒာသီရိ(မဟာသဒ္ဓမ္မဇောတိကဓဇ)မထေရ်မြတ်အား အောင်ဗလကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ဝင် သာသနာ့ဓဇဓမ္မာစရိယ ၊ မဟာပရဟိတဓရ ၊ ဘဒ္ဒန္တ သုစိတ္တမာလာ ဆရာတော်က ထေရနိမန္တနဂါထာတော်ဖြင့် အခမ်း အနားသို့ ကြိုဆိုပင့် ဆောင်ကာ ဆရာတော်အရှင်သူမြတ်များ နှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ 


ထို့နောက် ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတ နှင့်ဘုန်း တော်ကြီး သင်ပညာရေးကျောင်းတိုက်၏ ဦးစီးပဓါနနာယက ဘဒ္ဒန္တစန္ဒာသီရိ(မဟာသဒ္ဓမ္မဇောတိကဓဇ) မထေရ်မြတ် ထံမှ ငါးပါး သီလ ခံယူဆောက်တည်ခဲ့ကြပြီး  မြို့ဦးကျောင်းတိုက်ဦးစီးပဓာနနာယက ၊ မဟာဒွါရဂိုဏ်း၏ မြို့နယ်သံဃနာယက ဉက္ကဋ္ဌ  ဘဒ္ဒန္တ အာဒိစ္စဆရာတော်မှ ထေရထုတ်ဝေဒလ္လဂါထာဖြင့် ရွတ်ဖတ်ပူဇော်ကာ သန္တိသုခကျောင်းတိုက် မြို့နယ် သံဃနာ ယကအဖွဲ့ဝင် ဉာဏသီရိဆရာတော်ကြီးက ဝမ်းမြောက်ဖွယ်ရာ ဩဝါဒဂါထာမိန့်ကြားခဲ့သည်။ 


ဆက်လက်၍ ဦးစံမောင် သိန်းက ဂုဏပူဇာမင်္ဂလာရတု ရွတ်ဖတ်ပူဇော်ကာ သာသနာ့တော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို ကြည်ညိုနိုင်ရန်အတွက် ခရိုင်သာသာနာ့ရေးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦး ကျော် ဇင်ဦးမှ ဖတ်ကြား ပူဇော်ခဲ့သည်။ ယင်းနောက် ဂုဏ်ပြုအပူဇော်ခံ သုံးမိုင်ပရဟိတ နှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်း တိုက် ဆရာတော်ကြီးအား  နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ   ဦးနေဦး တို့က ဂုဏ်ပြုအပူဇော်ခံဆရာတော်ထံ ဘွဲ့တံဆိပ် အဆောင်အယောင် နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြပြီး  ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပင့်သံဃာတော် အရှင် သူ မြတ် များ ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။  ထို့နောက် အောင်ဗလကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့် ပရိတ် သတ်များက အနုမောဒနာ တရားနာယူ၍  ရေစက် သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဠတု (၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အခမ်းအနားအားရုတ်သိမ်းပြီး ဂုဏ်ပြုပူဇော်ခံ ဆရာတော်ကြီးအား တပည့်ရဟန်းသံဃာ ၊ ဒါယကာ ၊ဒါယိကာမ အပေါင်းတို့ကဂုဏ်ပြုကြိုဆို ပင့်ဆောင်ပြီး ကြိုဆိုရေး မင်္ဂလာယာဉ်တန်းဖြင့် မြို့တစ်ပတ် လှည့်လည် အပူဇော် ခံခဲ့ ကြောင်းသိရသည်။


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)