ပုဗ္ဗသီရိမြို့နယ်တွင် သောက်ရေ၊သုံးရေ အခက်ကြုံနေသော​အိမ် ထောင်စု ၁၄၅ စုသို့ သော​က်သုံးရေလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်တွင် သောက်ရေ၊သုံးရေ အခက်ကြုံနေသော​အိမ် ထောင်စု ၁၄၅ စုသို့ သော​က်သုံးရေလှူဒါန်း




MNP ၊ မေ  ၁၁

ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေနည်းပါးလာသည်နှင့်အမျှ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့်ကျေးရွာများသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်  မြို့နယ်လုံးဆိုင်ရာ ရေရှားပါးသောဒေသများသို့ သောက်ရေသုံးရေ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။


အဆိုပါ ရေလှူဒါန်းမှုတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မင်္ဂလာဒီပ၊ ဇ၀နဒီပ၊ သုခဒီပ၊ ရတနာဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက သောက်သုံး​​ရေ အခက်ကြုံနေသောဖြုတ်ခွဲ ​ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၄၅ စုသို့  သောက် ရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်ရေသန့် ဂါလံ ၅၄၀၀ အားသွားရောက်လှူဒါန်းခဲ့​​သည်။


ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး၏ ကြီးကြပ်မှုဖြင့် သောက်သုံးရေအခက်ကြုံလျက်ရှိသည့်​ ကျေးရွာများသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သောက်သုံးရေများ စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


သန္တာလင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)