MNP ၊ မေ ၁၁
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်၍ သောက်သုံးရေနည်းပါးလာသည်နှင့်အမျှ ပုဗ္ဗသီရိမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သည့်ကျေးရွာများသို့ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ရေရှားပါးသောဒေသများသို့ သောက်ရေသုံးရေ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။
အဆိုပါ ရေလှူဒါန်းမှုတွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မင်္ဂလာဒီပ၊ ဇ၀နဒီပ၊ သုခဒီပ၊ ရတနာဒီပ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့များက သောက်သုံးရေ အခက်ကြုံနေသောဖြုတ်ခွဲ ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၄၅ စုသို့ သောက် ရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်ရေသန့် ဂါလံ ၅၄၀၀ အားသွားရောက်လှူဒါန်းခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး၏ ကြီးကြပ်မှုဖြင့် သောက်သုံးရေအခက်ကြုံလျက်ရှိသည့် ကျေးရွာများသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ သောက်သုံးရေများ စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
သန္တာလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment